ယေဇကျေလအနာဂတ္တိကျမ်း ၄၀
၅။ အနှစ်တစ်ထောင်ကာလမြင်ကွင်းကျယ်(အခန်း ၄၀−၄၈) (က) ယေရုရှလင်အနှစ်တစ်ထောင်ဗိမာန်တော်(အခန်း ၄၀−၄၂) ဤအခန်းနှင့် လာမည့်အခန်း(၂)ခုတွင် ယေရုရှလင် မြို့၌တည်မည့် ဗိမာန်တော်ပုံစံအသေးစိတ်ကို ဖော်ပြထားသည်။ ဆိုလိုရင်းအတိအကျကို သိရှိနားလည်ရန်ခက်ခဲသော်လည်း ယေဘူယျအားဖြင့် ပုံဖော်နိုင်ပါသည်။ Paul Lee Tan က ဤသို့ရေးထာသည်။ ဤဗိမာန်တော်ဖော်ပြချက်ကို အတိအကျပြန်ယူခြင်းမပြုဘဲ အသင်းတော်၏ပုံဆောင်ချက်အဖြစ်ပုံ ဖော်ကြသည်။ မည်သို့ပင်ဖြစ်စေ၊ ယေဇကျေလကျမ်း၌ အရေးပါသော ပရောဖက်ပြုချက်ဖြစ်ပြီး၊ မိလေနိကာလ...