Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ယေဇကျေလအနာဂတ္တိကျမ်း ၄၃

    (ခ) အနှစ်တထောင်ဝတ်ပြုကိုးကွယ်ခြင်း( အခန်း၄၃၊၄၄) ၄၃:၁−၅ ယေဇကျေလကျမ်းအစောပိုင်း ၁၁:၂၃ ၌ ဘုန်းတော်တိမ်တိုင်သည် ယေရုရှလင်ဗိမာန်တော်မှ ရွေ့လျားသွားသည်ဟုဆိုခဲ့သည်။ သို့သော်လည်း သခင်ခရစ်တော်နိုင်ငံတော် တည်ထောင်အုပ်စိုးဖို့ ပြန်ကြွလာသည့်အခါ ဣသရေလဘုရားသခင်၏ ဘုန်းတော်သည် ခရစ်တော်နှင့် အတူပြန်လည်ပါလာမည်။ ၄၃:၆−၉ ကိုယ်တော်ဘုရား၏ လူများအလယ်တွင် ဘုရားသခင်ကိုယ်တိုင်စိုးစံမည်။ အဘယ်သူကမှ ဝိညာဉ်ရေးရာတွင် နိုင်ထက်ကလူပြုနိုင်တော့ မည်မဟုတ်။ ဘုရားသခင်၏ ဗိမာန်တော်အရိပ်အဝန်းအောက်၌ ညစ်ညမ်းသောအမှုတို့ကို ပြုကြတော့မည်မဟုတ်။...

  • ယေဇကျေလအနာဂတ္တိကျမ်း ၄၄

    ၄၄:၁−၃ အပြင်ဘက် အရှေ့ဘက်တံခါးပေါက်ကို အမြဲပိတ်ထားရသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ဗိမာန်တော်သို့ ပြန်ကြွလာလျှင် နောက်တဖန်ပြန်လည်ထွက်ခွါတော့မည့် မဟုတ်။ ထိုတံခါးပေါက်စမုတ်ဆောင်သည် မင်းသားအတွက် စံပယ်ရာနှင့် စားပွဲဝင်ရာဖြစ်သည်။ အချို့ကမင်းသားဆိုသည်မှာ မေရှိယသခင်ကိုယ်တော်တိုင်ဟုယူဆသည်။ အချို့ကမူ ဒါဝိဒ်မျိုးနွယ်မှ ဆင်းသက်လာသော တစ်စုံတစ်ဦးက ရင်ခွင်ပိုက်အုပ်စိုးမည်ဟု ထင်မြင်ကြသည်။ W. Grant ကမူ ထိုမင်းသားသည် ခရစ်တော် ကိုယ်တော်တိုင်မဟုတ်နိုင်ဟု ထောက်ပြသည်။ အဘယ့်ကြောင့်ဆိုသော်...

  • ယေဇကျေလအနာဂတ္တိကျမ်း ၄၅

    (ဂ) အနှစ်တစ်ထောင်စီမံအုပ်စိုးခြင်း (အခန်း ၄၅၊၄၆) ၄၅: ၁ ဣသရေလတို့ အလယ်ဗဟိုတွင် ဘုရားသခင်အတွက် သန့်ရှင်းသောမြေနေရာသီးသန့် ထားရှိရမည်။ ထိုဝတ္တကမြေသည် အလျား ကျူလုံးအပြန် နှစ်သောင်းငါးထောင်၊ အနံတသောင်း ကျယ်ပြန့်သည်။ ၄၅:၂−၅ ထိုမြေကွက်ကို နှစ်ဆင့်ခွဲ ခြားထားသည်။ ပထမထိပ်ပိုင်းတဝက်သည် သန့်ရှင်းသောဌာနနှင့် ယဇ်ပုရောဟိတ်များ နေရာဖြစ်သည်။ ကျန်အနိမ့်ပိုင်းတဝက်သည် လေဝိအမျိုးသားများ အတွက် ဖြစ်သည်။ ၄၅:၆...