Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဒံယေလအနာဂတ္တိကျမ်း ၆

    ၆။ ဒါရိ၏အမိန့်နှင့်ခြင်္သေ့သားရဲတွင်း (အခန်း၆) ၆:၁-၃ ဤကျမ်းပိုဒ်အရ ဒံယေလသည် ပါရှန်တို့လက်အောက်တွင် အမှုထမ်းဆောင်သည့်အကြောင်း သိရှိရသည့်တခုတည်းသော ကျမ်းချက်ဖြစ်သည်။ မြို့ဝန်တစ်ရာနှစ်ဆယ်တို့ကို အုပ်ချုပ်ရသော ဝန်ကြီးတစ်ပါးဖြစ်သည်။ ပညာဉာဏ်ပြည့်စုံသူဖြစ်သောကြောင့် နိုင်ငံတော် တဝှမ်းလုံးကိုလည်း အပ်နှင်းခံရမည့် လျာထားခြင်းခံရသူဖြစ်သည်။ ၆:၄-၈ ဒံယေလသည် ဉာဏ်ပညာထက်မြက်၍ အကျင့်စာရိတ္တမြဲမြံသောကြောင့်လုပ်ဖော်ကိုင်ဘက်ဝန်မင်းများ မနာလိုကြ။ သို့ကြောင့် အပြစ်လိုက်ရှာကြသည်။ အပြစ်ရှာမတွေ့ကြသောကြောင့် ဒံယေလဘေးဒုက္ခရောက်စေရန် ရည်ရွယ်ချက်ဖြင့် မူးမတ်များသည် ဘုရင်ကြီးအား...

  • ဒံယေလအနာဂတ္တိကျမ်း ၇

    ၇။ ဒံယေလ၏ဗျာဒိတ်၊ သားရဲလေးကောင်နှင့်လေးကမ္ဘာ (အခန်း ၇) ပြီးခဲ့သော ပထမပိုင်းအခန်း(၆)ခုသည် သမိုင်းကြောင်းဆန်သည်။ လာမည့်အခန်း(၆)ခုသည် ပရောဖက်ပြုချက်များ ဖြစ်သည်။ အခန်း(၇)နှင့် (၈)တွင်ပါရှိသော ဒံယေလ၏အိပ်မက်သည် ဗာဗုလုန်ဘုရင် ဗေလရှာမင်းလက်ထက်တွင် ဖြစ်၍  Medesနှင့် Persian များ အင်အားမကြီးထွားမီကာလ ဖြစ်သည်။ ၇:၁-၄ အခန်း(၇) တွင် ပင်လယ်သမုဒ္ဒရာထဲမှ သားရဲလေးကောင် ပေါ်ထွန်းလာကြောင်း ဒံယေလ အိပ်မက်မက်သည်။...

  • ဒံယေလအနာဂတ္တိကျမ်း ၈

    ၈။ ဒံယေလ၏ ဗျာဒိတ်တော် ဆိတ်နှင့်သိုး (အခန်း၈) ၈:၁-၄ နောက်(၂)နှစ်ကြာသောအခါ ဒံယေလဗျာဒိတ်မြင်ရပြန်သည်။ သိုးထီးနှင့် ဆိတ်ထီးတစ်ကောင်မြင်ရသည်။ ဦးချိုနှစ်ချောင်းရှိသော သိုးထီး၏ရူပါရုံမှာ Medo နှင့် Persian ဘုရင်ဖြစ်သည်။ ဦးချိုနှစ်ချောင်းသည် တဖက်နှင့်တဖက်မညီ။ တဖက်တို တဖက်ရှည်ဖြစ်နေသည်။ Persian ဘုရင်ကဘုန်းတန်ခိုး ပိုမိုပြည့်စုံမည့် လက္ခဏာဖြစ်သည်။ ထိုသိုးထီးသည် အနောက်အရပ်၊ မြောက်အရပ်နှင့်ရှေ့အရပ်များကို အောင်နိုင်သည်။ ခုခံနိုင်စွမ်းရှိကြပုံမရ။ ၈:၅-၈...