ဟောရှေအနာဂတ္တိကျမ်း ၈
(ည) ရုပ်တုကိုးကွယ်ခြင်းကြောင့် ကျူးကျော်တိုက်ခိုက်ခံရမည်ဟု သတိပေးခြင်း (အခန်း၈) ၈:၁-၃ အာရှုရိတို့သည် ရွှေလင်းယုန်သို့မဟုတ် လင်းတကဲ့သို့ ဣသရေလလူမျိုးတို့အား ထိုးနှက် တိုက်ခိုက်မည်။ ဣသရေလတို့သည် ဘုရားရှင်ပေးထားသော ပဋိညာဉ်တရားကို ဖောက်ဖျက်ကြသောကြောင်း ကြမ္မာငင်မည့်နေ့ရက်ကာလ နီးကပ်လာပြီ။ သို့သော်ဘုရားသခင်ကို သိရှိပါသည်ဟု နှုတ်ဖျားမှ ဆိုတတ်ကြသည်။ ၈:၄–၆ ဣသရေလနိုင်ငံနှင့် ယုဒနိုင်ငံထူထောင်ခြင်း၌ ဘုရားသခင်၏ အစီအမံတော်မပါရှိပါ။ ရုပ်တုဆင်းတု ကိုးကွယ်ကြခြင်းက ဘုရားသခင်ကိုအမျက်ဒေါသ...