အာမုတ်အနာဂတ္တိကျမ်း ၁
၁။ လူမျိုးရှစ်ပါးအား တရားစီရင်မည့်အကြောင်း (အခန်း၁၊၂) (က) နိဒါန်း (၁:၁–၂) အစပိုင်းအခန်းကြီး(၂)ခုတွင် လူမျိုးရှစ်ပါးအား တရားစီရင်မည့်အကြောင်းဖော်ပြထားသည်။ ထိုသို့အသီသီးအပြစ်အတွက် တရားစီရင်ခြင်းမှာ အပြစ်သုံးလေးကြိမ်မက ဖောက်ဖျက် ကျူးလွန်ခဲ့ကြောင်း ဖြစ်သည်။ ထိုအကြောင်းကို J. sidlow Baxter က ဟေဗြဲမူရင်းကို ဤသို့ရှင်းပြထားသည်။ ဤနေရာ၌ သုံးလေးကြိမ်မကဟူသောစကားကို သင်္ချာကိန်းအရ ရေတွက်ရန်မဟုတ်ပါ။ စကားအင်္ကာအဖြစ်ဖော်ပြခြင်းဖြစ်သည်။ အဓါပ္ပါယ်မှာ အကြိမ်ပေါင်းများစွာ...