ယောနဝတ္ထု ၁
၁။ ပရောဖက်ယောန၏မနာခံမှု (အခန်း၁) (က) အမှုတော်အတွက်ယောနအားခေါ်ယူခြင်း(၁:၁–၂) ဣသရေလတို့၏မဟာရန်သူ အာရှုရိမြို့တော် နိနေဝေသို့ အမှုတော်ပြုရန်ဘုရားရှင်က ယောနစေခိုင်းသည်။ ထိုအရပ်ဒေသသို့ယောန မသွားချင်။ နိုင်ငံရေးအခြေအနေအရ မသွားရဲ။ ကြောက်လန့်နေသည်။ (နောက်ခံသမိုင်းကြောင်းကို အထက်တွင် ကြည့်ပါ။) (ခ) ယောနတာရှုသို့ထွက်ပြေးခြင်း(၁:၃) နိနေဝေသို့ မသွားလိုသောကြောင့် ယောနသည် သင်္ဘောဖြင့် တာရှုသို့ထွက်ပြေးတိမ်းရှောင်သည်။ (စပိန်တောင်ပိုင်းဖြစ်ဟန်ရှိသည်) ယောန၏မနာခံ အာခံခြင်းအကြောင်းကို H.C.. Woodring...