Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • မိက္ခာအနာဂတ္တိကျမ်း ၂

    ၂။ ဖိနှိပ်စက်တတ်သော လူချမ်းသာတို့၏ကံကြမ္မာ(၂:၁– ၁၁)           ၁:၁–၅ အပြစ်စီရင်ရသည့်အကြောင်းကို ဤကျမ်းပိုဒ်တွင် ရှင်းပြထားသည်။ လူချမ်းသာများသည် သူဆင်းဲများ၏ အိမ်ယာ၊ ပစ္စည်းများကို အပိုင်သိမ်းယူဖို့အမြဲကြံ၍ ကြံစည်သည့် အတိုင်းလုပ်ဆောင်ကြသည်။ စစ်ပြုကျူးကျေ်သူများကလည်း ထိုနည်းတူစွာ ကြံစည်ပြုကျင့်ကြသဖြင့် ထိုလူချမ်းသာများ ၏စည်းစိမ်ဥစ္စာများမှာ သူခိုးလက်မှ သူဝှက်လုခံကြသည့်နှယ် ဖြစ်မည်။ လူချမ်းသာများလက်ထဲတွင် ဘာမျှမကျန်ကြွင်းကြ။           ၂:၆–၇ လူအပေါင်းက ထိုကဲ့သို့သော...

  • မိက္ခာအနာဂတ္တိကျမ်း ၃

    ၄။ မင်း၊ ပရောဖက်အတုနှင့်ယဇ်ပုရောဟိတ်များကို ရှုတ်ချခြင်း(အခန်း၃)           ၃:၁–၄ မတရားစီရင်ခြင်း၊ ဒုစရိုက်ကို နှစ်သက်ခြင်း၊ လောဘရမက်ကြီ:ခြင်းတို့ကြောင့် ဣသရေလအမျိုးသူကြီးများကို ရှုတ်ချသည်။ မရှိဆင်းရဲသားများကို မညှာမတာ အနိုင်ပြုကျင့်ကြပြီ။ သုစရိုက်ကိုမုန်းတီး၍ ဒုစရိုက်ကို ဖက်တွယ်ကြပြီ။ သိုးထိန်းကောင်းဖြစ်ရမည့်အစား တရားသူကြီ:မင်းများသည် ဝံပုလွေကဲ့သို့ ပြုကျင့်ကြမည်။ သိုးများကို ရိုက်သတ်၍ ဟင်းအိုးထဲထည့်ချက်ပြုတ်ကာ မြိန်ရေရှက်ရေခံစားသုံးကြသည်။ ဒါဝိဒ်နှင့်မတူ၊ ဆန့်ကျင်ဖက်ဖြစ်သည်(၁ရာ၊၁၇:၁၅။ ၂ရာ၊၅:၂။၇:၇)။ ဆင်းရဲဒုက္ခရောက်သောကာလ၌...

  • မိက္ခာအနာဂတ္တိကျမ်း ၄

    ၅။ ခရစ်တော် အနှစ်တထောင် အုပ်စိုးမည့် မဂ်လာစကား (အခန်း ၄) ၄:၁–၄ ပထမပိုင်းအခန်း(၈)ခုတွင် ခရစ်တော်အနှစ်တစ်ထောင်အုပ်စိုးမည့် ကျက်သရေမင်္ဂလာတရား ဟောကြားထားသည်။ ယေရုရှလင်မြို့ကိုချီး‌မြောက်တော်မူမည်။ တပါးအမျိုးသားများသည် ဘုရားသခင်ထံတိုးဝင် ချဉ်းကပ်ကြမည်။ ကိုယ်တော်က တိုင်းနိုင်ငံအားလုံးကို အုပ်စိုးမည်။ ကမ္ဘာမြေတဝှမ်းလုံးတွင် လက်နက်စွဲကိုင် အကြမ်းဖက်မှု ချုပ်ငြိမ်းစေမည်။ “သူတို့ဓါးလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊လှံများကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း၊ ထုလုပ်ကြလိမ့်မည်။ တပြည်ကိုတပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်းနောက်တဖန်...