ဟဗက္ကုတ်အနာဂတ္တိကျမ်း ၂
၄။ ဖြောင့်မတ်သောယုဒများရှင်သန်မည့်အကြောင်းနှင့် မတရားသောခါလဒဲများကို ဖျက်ဆီးမည့်အကြောင်း ဘုရားသခင်ဖြေကြားချက်(အခန်း၂) (က) ဘုရားသခံထံတော်မှ အဖြေစကားစောင့်မျှော်ခြင်း (၂:၁) ဟဗက္ကုတ်သည် မျှော်စင်ပေါ်မှ တိုင်းနိုင်ငံများအပေါ်စောင့်ကြည့်ခြင်းအားရပ်နားလျက် ဘုရားရှင်၏ပြန်ကြားချက်ကို စောင့်မျှော်သည်။ ဘုရားရှင်ထံမှ ဘုရားရှုထောင့်အမြင် အဖြေစကားရရန် တစ်ဦးတည်းစောင့်နေခြင်း ဖြစ်သည်။ ဤအလေ့အလာသည် ယနေ့ခေတ်ယုံကြည်သူများအတွက်လည်း အလွန်အရေးကြီးသည်။ “ဆိတ်ငြိမ်ချိန်”၊ “အာရုံပြုဆုတောင်းခြင်း”၊ “တစ်ဦးတည်းဘုရားနှင့် အချိန်ယူခြင်း”…စသည်ဖြင့် အမျိုးမျိုးအမည်ပေးထားသော ဘုရားသခင်နှင့်မိတ်သဟာယဝတ်သည် ယုံကြည်သူ ခရစ်ယာန်တိုင်းအဖို့...