Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဇေဖနိအနာဂတ္တိကျမ်း ၁

    ၁။ အပြစ်စီရင်ရန် ဘုရားသခင်၏သဘောထား ဆုံးဖြတ်ချက် (အခန်း ၁) (က) ကမ္ဘာမြေတဝှမ်းလုံးတွင် (၁:၁–၃) ပရောဖက်များကို အဘအမည်နှင့် ရံဖန်ရံခါ အဖိုးအမည်အထိ ဖော်ပြလေ့ရှိသည်မှာ ယုဒလူတို့သည် မျိုးရိုးစဉ်လာကိုအလေးထားကြသောကြောင့် ဖြစ်သည်။ ယနေ့ခေတ်ကာလတွင် မိကောင်းဖခင်သားသမီးဟု ပြောကြသလိုဖြစ်သည်။ ဤကျမ်းပိုဒ်တွင် ဇေဖနိကို ကုရှိ၏သား ဖြစ်ကြောင်းမျှသာမက ရှေးဘိုးဘေးစဉ်ဆက် (၄)ဆက်ထိ ဖော်ပြရာ ယုဒမင်းမြတ် ဟေဇကိအားဖြင့် အမျိုးမှန်ကြောင်း...

  • ဇေဖနိအနာဂတ္တိကျမ်း ၂

    ၂။ နောင်တရကြရန် ယုဒလူမျိုးပြန်ခေါ်ခြင်း (၂:၁–၃) အရှက်အကြောင်ကင်းမဲ့ (NKJV Marg)သော ဆန္ဒမပါသော ထိုယုဒလူမျိုးအား ဘုရားသခင်သည် ချစ်လက်စမကုန်နိုင်သဖြင့် နောင်တရကြလျက်၊ ဘုရားသခင်ထံ လှည့်ပြန်လာကြဖို့ ပြန်ခေါ်နေသည်။ အပိုဒ်ငယ်(၃)မှာ ရွေးနှုတ်ခံရသူ ဖြောင့်မတ်သောယုဒလူများကို ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ ဘုရားသခင်အား လိုလားဆန္ဒရှိစွာ ရှာဖွေကြပါလျှင် ထိုအမျက်ဒေါသသင့်ရာနေ့ရက်၌ ဘေးမသီရန်မခ လုံခြုံစွာရှိနေစေဖို့ ဘုရား သခင်က ကွယ်ကာပေးထားလိမ့်မည်။ အမျက်ဒေါသမှ...

  • ဇေဖနိအနာဂတ္တိကျမ်း ၃

    ၄။ ယေရုရှလင်မြို့တွင် အမင်္ဂလာကျရောက်ခြင်း (၃:၁–၇) (က) မနာခံခြင်း၊ တာဝန်မဲ့ခြင်း၊ မယုံကြည်ခြင်း၊ မခိုလှုံခြင်း (၃:၁–၂) စင်စစ်ယေရုရှလင်မြို့သည် မိန်းမကဲ့သို့ဖြစ်သည်။ နာခံမှုမရှိ၊ ညစ်ညမ်းယုတ်ညံ့၊ မြည်တွန်တောက်တီး တတ်သည်။ နာခံမှုမရှိ၍ ယုံကြည်ခြင်းယုတ်လျော့ကာ ဘုရားသခင်ထံမှ ဝေးသထက်ဝေးကွာသွားကြသည်။ (ခ) မင်းဆိုးမင်းညစ်များနှင့် တရားသူကြီးဆိုးများ (၃:၃)           ဣသရေလနှင့် ယုဒမင်းဆိုးမင်းညစ်များသည် သားကောင်ရှာဖွေနေသော ခြင်္သေ့များကဲ့သို့ ဟိန်းဟောက် ကြသည်။...