မာလခိအနာဂတ္တိကျမ်း နိဒါန်း
“မာလခိကျမ်းသည် ရှည်လျားထွေပြားသော တနေ့တာ၏အဆုံးသတ် နေဝင်ရီဆည်းဆာချိန်နှင့် တူသကဲ့ သို့ မင်္ဂလာညောင်းသည့် နေ့သစ်တစ်နေ့ကို မီးရှူးသန့်စင်မွေးဖွားတော့မည့် မိုးသောက်အရုဏ်ဦးနှင့်လည်း ဆင်သည်” Nagelsbach ၁။ စံတော်မီ ဝိသေသလက္ခဏာ မာလခိသည် Malá’k- îyyoah၏ အတိုကောက်စကားလုံးဖြစ်၍ သတင်းစကားသယ်ဆောင်သူ၊ သံတော် ဆင့်ဟု အနက်ရသည်။ ဓမ္မဟောင်းကျမ်း၏နောက်ဆုံးပိတ်ပရောဖက်ပြုချက်ဖြစ်၍ ဓမ္မသစ်နှင့် ဓမ္မဟောင်းကျမ်း နှစ်စောင်၏ ပေါင်းကူးတံတားလည်း ဖြစ်သည်။...