ဝတ်ပြုရာကျမ်း ၂၅
၁၀။ ဥပုသ်နှစ်နှင့်ပွဲတော်နှစ် (အခန်း ၂၅) အခန်း ၂၅-၁၇ ပါ ပြဌာန်းချက်များသည် သိနာတောင်ပေါ်တွင် မောရှေသို့ ပြဌာန်းချက်များထဲမှ ဖြစ်သည်။ တဲတော်ထဲမှာ မဟုတ်ကြောင်း (၂၅:၁၊ ၂၆:၄၆၊ ၂၇:၃၄)တို့တွင် တွေ့ရသည်။ ၂၅:၁–၇ သတ္တမနှစ်တိုင်းသည် ဥပုသ်နှစ်ဖြစ်သည်။ ဣသရေလတို့ရောက်မည့် ခါနန်မြေသည် မထွန်ယက်သေးသော တောင်ပိုင်းမြေဖြစ်သည်။ ခြောက်နှစ်ပတ်လုံးထွန်ယက်စိုက်ပျိုးရာတွင် သီးနှံများဖြစ်ထွန်းအောင်မြင်မည်။ မြေကြီးထဲမှ ပဒေသာပင်ပေါက်လာမည်။ သတ္တမနှစ်တွင်...