Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • တရားဟောရာကျမ်း ၈

    (ဃ) အတိတ်သင်ခန်းစာ (၈:၁–၁၁:၇) အခန်းကြီး ၈နှင့် ၉ ကို J.A Thompson က ဤသို့ထောက်ပြသည်။ အတိတ်က အရေးကြီးသော သင်ခန်းစာ(၂)ခု ပြန်ညွှန်းချင်သည်။ ပထမအချက်မှာ ကန္တာရတောတလျှောက်မှာ ဣသရေလတို့ ခိုကိုးရာမဲ့ဖြစ်နေကြချိန်တွင် ဘုရားသခင်က အောက်ကျို့နှိမ့်ချခြင်းရှိဖို့၊ စည်းစနစ်တကျ နေ၍ ဘုရားရှင်ကို ဝန်ခံဖို့သွန်သင်ခဲ့သည်။ ထိုကဲ့သို့ပင် ပျားရည်နှင့် နို့စီးဆင်းရာ ကတိတော်မြေတွင်လည်း ဖြတ်သန်းလာခဲ့သော...

  • တရားဟောရာကျမ်း ၉

    ၉:၁–၃ အခန်းကြီး (၉)ကို တိုက်ပွဲခေါ်သံဖြင့် စာမျက်နှာဖွင့်လှစ်သည်။ ဣသရေလလူတို့သည် များမကြာမီစစ်သလင်းပြင်တွင် တိုက်ပွဲဆင်နွဲရတော့မည်။ နှစ်ပေါင်း(၄၀)ကျော်အတွင်း အတွေ့အကြုံ လေ့ကျင့်သားပြည့်ဝမှုကို ဆောင်မှတ်၍ ကြောက်မွှေးမရှိဖို့ သတိပေးထားသည်။ “သင့်ရှေ့မှာ ကြွတော်မူသဖြင့် လောင်သောမီးကဲ့သို့ ရန်သူတို့ကို ဖျက်ဆီး၍ မျက်မှောက်၌ နှိမ့်ချတော်မူမည်။” ဘုရားသခင်၏ ဘုန်းတန်ခိုးအစွမ်းနှင့် လူ့အစွမ်းအစကို ဆင်ခြင်ကြည့်ပါ။ နှစ်ခုစလုံး ပေါင်းဖက်ပါဝင်ခြင်းသည် ကတိတော်မြေသို့ ဝင်ရောက်ခွင့် လုံခြုံရေးအာမခံချက်ဖြစ်သည်။...

  • တရားဟောရာကျမ်း ၁၀

    အခန်းကြီး ၁၀:၁ သည်သိနာတောင်ပေါ် အဖြစ်အပျက်ကို ပြန်လည်စားမြုံ့ပြန်ခြင်းဖြစ်၍ ၉:၂၉မှ ပြန်ကောက်ရမည်။ သမ္မာကျမ်းစာသည် ရာဇဝင်သမိုင်းကဲ့သို့ သက္ကရာဇ်အကြောင်းအရာ ဖြစ်စဉ်အလိုက် ရေးမှတ်ခြင်းမဟုတ်။ ဝိညာဉ်တော်ဖော်ပြသည့်အတိုင်း အချက်အလက်သင်ခန်းစာပေါ်မူတည်၍ ရေးသားခြင်း ဖြစ်သည်။ “အခန်းများခွဲခြားခြင်း” သတိထားဖတ်ရှုရမည်။ ဥပမာအားဖြင့် အပိုဒ်ငယ် ၁၁ သည် လွန်ခဲ့သော အခန်းကျော်မှ သိနာတောင်အကြောင်းသို့ ပြန်ရောက်သည်။ အခန်းငယ် ၁၂မှ စ၍နောက်ပိုင်းသည် ဘုရားသခင်၏...