Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • တရားဟောရာကျမ်း ၁၇

    (ဌ) တရားသူကြီးများနှင့် ရှင်ဘုရင်များ (အခန်း ၁၇)           ၁၇:၁ ယဇ်ပူဇော်ရမည့် ယဇ်ကောင်များသည် အရောင်အဆင်း၊ ကိုယ်လက်အင်္ဂါ၊ အပြစ်အနာစာမှဲ့ တစ်ပေါက်မစွန်းစေရ။ စင်းလုံးချောဖြစ်ရမည်။ ခြောက်ပြစ်ကင်းသဲလဲစင် ဘုရားသခင်၏ သိုးသူငယ်ပုံဆောင်သည်။ ၁၇:၂–၇ တစ်စုံတစ်ဦးသည် ရုပ်တုကိုးကွယ်ရန် ပြင်ဆင်ချဉ်းကပ်နေသည်ဟု မယုံသင်္ကာရှိလျှင် သက်သေနှစ်ဦး၊ သုံးဦးရှေ့မှာ စစ်ဆေးရသည်။ ဟုတ်မှန်ထင်ရှားလျှင် ခဲဖြင့် ဝိုင်းပေါက်သတ်ပစ်ရသည်။ ၁၇:၈–၁၃ ဥပဒေကြောင်းရေးရာနှင့်...

  • တရားဟောရာကျမ်း ၁၈

    (ဍ) ယဇ်ပုရောဟိတ်၊ လေဝိနှင့်ပရောဖက်များ (အခန်း ၁၈)           ၁၈:၁–၈ ဘုရားသခင်၏ ကျွေးမွေးစောင့်ရှောက်မှု ခံယူသော ယဇ်ပုရောဟိတ်များနှင့် ပရောဖက်များအကြောင်းတွေ့ရပြန်သည်။ ထိုသူများသည် ကတိတော်မြေတွင် သာမန်အရပ်သားများကဲ့သို့ အမွေခံရသူများမဟုတ်။ ဘုရားရှင်ပြင်ဆင်ပေးခြင်းဖြင့် ရပ်ရွာပြည်သားများ၏ ကျွေးမွေးထောက်ပံ့မှု ခံယူကြသည်။ ယဇ်ပူဇော်သက္ကာပြုကြလျှင် ယဇ်ကောင်၏ ပုခုံး၊ မေးရိုးနှစ်ဘက်၊ ဝမ်းဗိုက်၊ ပထမဦးဆုံးအသီး၊ စပျစ်၊ ဆီ၊ သိုးမွှေးများ ခံယူခွင့်ရှိကြသည်။...

  • တရားဟောရာကျမ်း ၁၉

    (ဎ) ရာဇဝတ်မှု (အခန်း ၁၉)           ၁၉:၁–၁၀ ယော်ဒန်မြစ်အရှေ့ဘက်ကမ်းတွင် ဘေးမဲ့ခိုလှုံရာမြို့(၃)မြို့ထူခဲ့ပြီးပြီ။ ယခုအနောက်ဘက် ကမ်းတွင် ဘေးမဲ့ခိုလှုံရာမြို့(၃)မြို့ထပ်မံတည်ထားခိုင်းသည်။ လူသတ်မှုကျူးလွန်မိသူများကလဲ့စား ခြေခြင်း၊ မခံရအောင် ခိုလှုံစေခြင်းဖြစ်သည် (ငယ် ၁-၇)။ အထက်ကျမ်းပိုဒ်များတွင် ဆိုခဲ့ပြီးသည့်အတိုင်း ဘေးမဲ့ခိုလှုံရာ (၆)မြို့ပြည့်အောင်တည်စေသည် (ငယ် ၈-၁၀)။ ယော်ဒန်မြစ်အနောက်ဘက်ကမ်းရှိဘေးမဲ့မြို့(၃)မြို့မှာ ကေဒေရှ၊ ရှေခင်နှင့် ဟေဗြုန်(ယောရှု ၂၀:၇) တို့ဖြစ်သည်။ ၁၉:၁၁–၁၃...