တရားဟောရာကျမ်း ၂၃
(၈) ကိုယ်လက်အင်္ဂါမစုံသူများ ဝတ်ပြုမတက်ရ (၂၃:၁–၈) ၂၃:၁–၈ သာမန်အားဖြင့် လူတိုင်းသည် ဘုရားသခင်ရှေ့တော်သို့ ဝင်ရောက်ခစားခွင့်ရှိကြသော်လည်း ပိတ်ပင်တားမြစ်သူများရှိသည်။ (၁)ယောက်ျားအင်္ဂါအရည်ချင်းမပြည့်စုံသူများ (၂)ကိုယ်လက်အင်္ဂါမစုံလင်သူများ ဥပမာ။ ။မွေးရာပါချို့တဲ့သူများ၁၅ (၃)အမ္မုန်နှင့်မောဘလူများ၊ (၄)ဧဒုံနှင့်အဲဂုတ္တုလူများ။ အပိုဒ်ငယ်(၄)တွင် မောဘလူမျိုးများသည် ဣသရေလများ ခရီးပန်းခိုက် ထမင်းတစ်လုပ်ရေတစ်မှုတ်မပေးချင်ကြဟုဆိုသည်။ တရား ၂:၂၉ တွင်မူ မောဘလူများက ဣသရေလလူများသို့ ထမင်းတစ်ထုပ်ရောင်းခွင့်ပြုသည်။ သို့သော် အမှန်တကယ်...