တရားဟောရာကျမ်း ၂၉
၃။ မောရှေ၏တတိယမိန့်မှာချက်–ပြည်တော်အထွက်ပဋိညာဉ် (အခန်း ၂၉၊၃၀) (က) မောဘပြည်မှာနေခဲ့စဉ်ပဋညာဉ် (၂၉:၁–၂၁) ၂၉:၁ ဟေဗြဲကျမ်းမူတွင် (အခန်းငယ်၁)သည် အခန်းကြီးတစ်ခုလုံး၏ သော့ချက်ကျမ်းစကားဖြစ်သည်။ Keil နှင့် Delitzch တို့ကအခန်းကြီး ၂၉နှင့် ၃၀တို့၏ နဖူးခေါင်းစည်းဖြစ်သည်ဟု ဆိုကြသည်။ ၂၉:၂–၉ ဣသရေလလူတို့သည် သိနာတောင်တွင် ဘုရားရှင်ပြုထားသော ကတိတော်ကို ချိုးဖောက်ခဲ့ကြဖူးသည်။ ယခုမောဘလွင်ပြင်မှ ပြည်တော်ဝင်ခါနီးတွင် ဘုရားရှင်ပေးထားသော...