တရားသူကြီးမှတ်စာ ၈
၃။ ဖိလိတ္တိတို့ကို အောင်နိုင်ခြင်း (၈:၁–၃၂) ၈:၁–၃ ဧဖရိမ်လူများက ဂိဒေါင်အား မိဒျန်ရန် မတိုင်မီ ကြိုတင်အကြောင်းမကြားရကောင်းလားဟု အပြစ်တင်ကြသည်။ သို့သော်လည်း မိဒျန်ခေါင်းဆောင်နှစ်ယောက်ကို ဖမ်းဆီးမိခြင်းဖြင့် ကျေးဇူးများပါပေသည်ဟု လေပြေသွေးသောအခါ စိတ်ကြည်အေးသွားကြသည်။ အပိုဒ်ငယ် ၂တွင် ပါရှိသည် အဗျေဇာသည် ဂိဒေါင်နှင့် သူ၏လူများကို ရည်ညွှန်းသည်။ ၈:၄–၇ ဂိဒေါင်နှင့်စစ်သည်တော်သုံးရာတို့သည် ထမင်းရေစာ ဆာလောင်ကြသဖြင့် သုကုတ်များထံမှ...