Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဓမ္မရာဇဝင်ပဋ္ဌမစောင် ၂

    (ခ)​ ဟန္န၏သီချင်း (၂:၁–၁၀)           ၂:၁–၁၀ ဧလကာနနှင့်သား၏ ဆက်ကပ်မှုသည် ဧလိမိသားစု၏ အကျင့်စာရိတ္တချို့ယွင်းမှုနှင့် တခြားစီဖြစ်သည်။ သားတော်မောင်ကို ဘုရားသခင်လက်ထဲသို့ အပ်နှံပြီးသောအခါ ဟန္နစိတ်နှလုံးသည် ပေါ့ပါးရွှင်လန်းလျက် ကျေးဇူးတော်ချီးမွမ်းမကုန်နိုင်။ နှလုံးသည်းပွတ်ကြားမှ ထွက်လာသောစကားလုံးများဖြင့် ဘုရားသခင်၏ အမှုတော်ကို ချီးမွမ်းသည်။ ဟန္န၏ ပဌနာတော်ရွတ်ဆိုသံသည် ပေါ်ယံကြည့်လျှင် ပေနိန္နကို ရည်ဆောင်သည်ဟု ထင်မှတ်စရာရှိသော်လည်း ဣသရေလတို့၏ ရန်သူ့အပေါ် အောင်မြင်ပုံနှင့်...

  • ဓမ္မရာဇဝင်ပဋ္ဌမစောင် ၃

    (ဃ) ရှမွေလအားဘုရားခေါ်ခြင်း (အခန်း ၃)           ၃:၁–၃ ထိုကာလတွင် ရှမွေလသည် ရှိလောယဇ်ပလ္လင်တွင် ဘုရားသခင်၏အမှုတော် ပြုနေသည်။ ထိုခေတ်အခါ၌ ရှားရှားပါးပါး လူများကသာလျှင်အသံတော်ကြားကြရသည်။ ပထမအခန်းငယ် ၅ ခုကို William က ဤသို့မြင်သည်။ ညမှောင်မိုက်လာပြီ။ ဘုရားသခင်၏ အလင်းမီးသည် ဗိမာန်တော်ထဲသို့ ဝင်ရောက်လာသော်လည်း ပုရောဟိတ်သက်ကျားအိုကြီးသည် မျက်စိမှုန်မွဲနေသဖြင့် ကလေးသူငယ်ပီပီ နှစ်ခြိုက်စွာအိပ်ပျော်နေသည်။၅            ...

  • ဓမ္မရာဇဝင်ပဋ္ဌမစောင် ၄

    (င) ဘုရားသခင်၏ ပဋိညာဉ်သေတ္တာ (အခန်း ၄–၇) (၁) ပဋိညာဉ်သေတ္တာဆုံးရှုံးခြင်း (အခန်း ၄)           ၄:၁–၄ လာမည့်အခန်း(၃)ခန်းသည် ဘုရားခင်၏ပဋိညာဉ်သေတ္တာတော်သယ်ဆောင်ခြင်း၊ စစ်တိုက်ရာတွင် ပါမသွားသဖြင့် နောက်တဖန် သွားယူရခြင်း၊ ဖိလိတ္တိတို့ဘက်တွင် ဘုရားသခင်ရှိတော်မူခြင်း (အခန်း ၅)၊ ဘုရားသခင်ကို မကြည်ညိုကြသောကြောင့် ဣသရေလတို့အလယ်မှ စွန့်ခွာခြင်းတို့ ပါဝင်သည်။ ဧဗာနေဇာအရပ်တွင် ဖိလိတ္တိတို့အား တိုက်ခိုက်ကြသောအခါ လူပေါင်းလေးထောင်ကျဆုံးကြသည်။...