Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဓမ္မရာဇဝင်ပဋ္ဌမစောင် ၂၀

    ၂၀:၁–၃ ဒါဝိဒ်သည်နာယုတ်မြို့မှ ထွက်၍ ယောနသန်ကို သွားရောက်တွေ့ဆုံသည်။ မည်သည့်အကြောင်းကြောင့် ရှောလုက သူ့အား အသက်ရန်ရှာသနည်းဟု မေးသည်။ စင်စစ် နာယုတ်မြို့တိုင်အောင် ဒါဝိဒ်၏အသက်ကို ရှောလုက သွားရောက်ရန်ရှာသည့်အကြောင်း ယောနသန်မသိလိုက်၊ ယောနသန်သည် ဒါဝိဒ်မိတ်ဆွေရင်းချာဖြစ်သောကြောင့် ရှောလုက ယောနသန်အား ထိုအကြောင်းမပြောဘဲ ထိန်ချန်ခြင်း ဖြစ်မည်ဟု ဆိုသည်။ ၂၀:၄–၉ ဒါဝိဒ်၏ အသက်အန္တရာယ်အမှန်တကယ်စိုးရိမ်ရေမှတ်ရောက်မရောက် စမ်းစစ်ရသည်။ လစဉ်လဆန်းရက်တိုင်း ဘုရင့်ပွဲတော်တွင်...

  • ဓမ္မရာဇဝင်ပဋ္ဌမစောင် ၂၁

    (၂) အဟိမလက်ကသနားခြင်း (အခန်း ၂၁) ကေသရာဇာခြင်္သေ့မင်းသည်လည်း ငတ်ပြတ်လျှင် မြက်စားရကိန်းကြုံသကဲ့သို့ ဒါဝိဒ်သည်လည်းမလွတ်။ ဤအခန်း ၂၁ သည် နောဗ(ငယ်၁-၉)တွင် ကြုံတွေ့ရသည်။ ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းနှင့် ဖိလိတ္တိမင်းရှေ့တွင် အရူးဟန်ဆောင်ခန်းဖြစ်သည် (ငယ် ၁၀-၁၅)။ ၂၁:၁–၆ ဒါဝိဒ်သည် ရှမွေလထံသို့ (အခန်း ၁၉)၊ ယောနသန်ထံသို့ (အခန်း၂၀) သွားခဲ့ပြီးနောက် ယခု ယဇ်ပုရောဟိတ်ကြီးထံသို့ ပြေးလွှားရပြန်သည်။...

  • ဓမ္မရာဇဝင်ပဋ္ဌမစောင် ၂၂

    (၃) ဒါဝိဒ်လွတ်မြောက်သွားသဖြင့်ရှောလုက ယဇ်ပုရောဟိတ်များ သတ်ဖြတ်ခြင်း (အခန်း ၂၂)           ၂၂:၁–၂ ဒါဝိဒ်သည် ဖိလိတ္တိပြည်မှ ပြန်လာ၍ ယုဒနယ်စပ်အဒုလံကျောက်ဆောင်များအကြား၌ ပုန်းခိုသည်။ ဗက်သလင်အနောက်တောင်ဘက်တွင် ရှိသည်။ ဒါဝိဒ်ထံတွင် အကြွေးမဆပ်နိုင်သူ၊ အမှုရင်ဆိုင်နေသူ၊ စိတ်ညစ်သူများလာရောက်စုစည်းလာကြရာ လူပေါင်း ၄၀၀ခန့်ရှိသည်။ ဤနေရာတွင် ဒါဝိဒ်သည် လူရာမဝင်သူများခိုလှုံရာ ယေရှုခရစ်တော်ပုံဆောင်သည်။ လတ်တလောတွင် လူလေးရာရှိရာမှ မကြာသောကာလတွင် ခြောက်ရာထိ တိုးပွားလာကြသည်။...