ဓမ္မရာဇဝင်ပဋ္ဌမစောင် ၂၉
(၃) အာခိတ်မင်းကဒါဝိဒ်စေလွှတ်ခြင်း (အခန်း ၂၉) ၂၉:၁–၅ ဒါဝိဒ်နှင့်တပည့်တပန်းများသည် ဖိလိတ္တိတို့နှင့် ပူးပေါင်း၍ ပင်မတပ်ဖွဲ့မှ လိုက်ပါလာကြသည်။ အချို့မင်းညီမင်းသားများက အာခိတ်မင်းနှင့်အတူ ပင်မတပ်ဖွဲ့မှ ဒါဝိဒ်လိုက်ပါခြင်းအား မနှစ်သက်ကြ။ စစ်တိုက်ကောင်းနေစဉ် ဘက်ပြောင်းမှာ စိုးရိမ်ကြသည်။ တန်ပြန်တော်လှန်မည် ကြောက်ကြသည်။ ဖိလိတ္တိတွေးသကဲ့သို့ ရှောလုမင်းနှင့် စစ်ပြေငြိမ်းစရာအကြောင်း ရှိမည်လား။ ရှောလုတစ်ထောင်ထောင် ဒါဝိဒ် အသောင်းသောင်းဟူသော စကားကို ပြန်လည်ကြားယောင်ကြသည်။...