ဓမ္မရာဇဝင်ဒုတိယစောင် ၉
(ဇ) မေဖိဗောရှက်အား ကျေးဇူးပြုခြင်း (အခန်း၉) ၉:၁–၁၃ ဒါဝိဒ်သည် ယောနသန်သို့ ပြုထားသော ကတိသစွာ (၁ရာ ၂၀:၁၄-၁၇)ကို မမေ့။ ထိုပြုထားသော ကတိသစ္စာအား အကောင်အထည်ဖော်ချင်သည်။ ရှောလုမင်း၏ တပည့်ကြွင်းကျန် ဇိဘ က ယောဒန်မြစ်အရှေ့ဘက်ကမ်း လောဒေဗာ အရပ်၌ ယောနသန်အား ခြေထောက်မသန်စွမ်းသူ မေဖိဗောရှက် ရှိကြောင်း ပြောပြသောအခါ၊ မိသားစု အလိုက် သွားခေါ်ခိုင်းသည်။...