ဓမ္မရာဇဝင်ဒုတိယစောင် ၁၅
(ဃ) အဗရှလုံပုန်ကန်ခြင်းနှင့် ဒါဝိဒ်ပုန်းရှောင်ခြင်း (၁၅:၁–၁၈) ၁၅:၁–၆ အဗရှလုံသည် ဘုရင်ဖြစ်ချင်သော်လည်း ဟန်ဆောင်နေသေးသည်။ ယခုမှ ဟန်မဆောင်နိုင်တော့ပါ။ လူတို့၏ အားပေးထောက်ခံမှုရအောင် ပြည်သူအကြား၌ လှုပ်ရှားသွားလာပြသည်။ မြို့ဝင်တံခါး၌ ဝင်ထွက်သွားလာလျှက် အရေးပါအရာရောက်သောသူ ဣသရေလတို့၏ ဘဝကို ဖန်တီး၍ ပုံစံဖြင့် ဟိတ်ဟန်ပြသည်။ ခမည်းတော်၏ အားနည်းချက်များကို ထောက်ကွက်ပြသည်။ အကယ်၍ သူသာ အရှင်ဘုရင်ဖြစ်လျှင် ဣသရေလသားများ တရားမျှတစွာ...