Category: တရားဟောရာကျမ်း

  • တရားဟောရာကျမ်း ၃၀

    (ဂ) ပဋိညာဉ်ပြန်လည်တည်ဆောက်အသက်သွင်းခြင်း (အခန်း၃၀)           ၃၀:၁–၁၀ ဤအခန်းတွင် ဣသရေလတို့ပဋိညာဉ်ချိုးဖောက်၍ တိုင်းတစ်ပါးသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရမည့်အကြောင်း အစချီထားသည်။ မည်သို့ ဆက်လုပ်ကြမည်နည်း။ အကယ်၍ နောင်တရပြီး ဘုရားသခင်ထံတော်သို့ ပြန်လာလျှင် ဘုရားသခင်က ကရုဏာတော်ထားလျက် ပြန်လည်ထူထောင်နလံထစေသည်။ ပြည်တော်သို့ပြန်လည်ဝင်ရောစေမည်။ ရုပ်ခန္ဓာကိုယ်အားဖြင့် ပုံမှန်အနေအထားပြန်ရောက်ကြသကဲ့သို့ ဝိညာဉ်ရေးရာအသစ်တွင် ပြန်လည်နိုးကြားထမြောက်စေမည်။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်မဲ့ချစ်စေခြင်းငှါ၊ သင့်နှလုံးနှင့်သင်အမျိုး၏နှလုံးအရေဖျားကို လှီးဖြတ်တော်မူမည်(ငယ်၆)။ ထိုအခါ...

  • တရားဟောရာကျမ်း ၃၁

    ၄။ ​မောရှေ၏နောက်ဆုံးနေ့ရက်များ၊ ပြည်တော်မဝင်လိုက်ရခြင်း (အခန်း ၃၀–၃၄) (က) မောရှေ၏နေရာအစားထိုးခြင်း (အခန်း ၃၁)           ၃၁:၁–၈ မောရှေသည် အသက်(၁၂၀)ရှိနေပြီ။ ဘုရားသခင်က သူ့အား ယော်ဒန်မြစ်ကူး၍ ကတိတော်မြသို့ ဝင်ရောက်ခွင့်မပြုကြောင်းသိသည်။ သို့သော် သူ့လူများနှင့်အတူ ဘုရားသခင်ပါရှိမည့်အကြောင်း၊ ယောရှုက ဣသရေလလူများ ဦးဆောင်၍ ရန်သူများကိုအောင်မြင်မည့်အကြောင်းအာမခံချက် ပေးလိုက်သည်။ ယောရှုကိုလည်း လူအများရှေ့မှာ ဣသရေလလူမျိုးတို့ခေါင်းဆောင်အဖြစ် ရာထူးပုခုံးပြောင်ပေးသည်။...

  • တရားဟောရာကျမ်း ၃၂

    (ခ) မောရှေသီချင်း (အခန်း ၃၂)           ၃၂:၁–၃ မောရှေ၏ သီချင်းကို စကားပြေဖြင့်ဤသို့အကျဉ်းချုံးနားလည်နိုင်သည်။ “အာကာဝဠာဘုရားရှင် အသံတော်ကိုနားဆင်လော့။ မိုးစက်နှင်းပွင့်သို့နှယ် လန်းရွှင်စေမည်။ (အပိုဒ်ငယ် ၃သည် ဓမ္မသီချင်း၏ ခေါင်းစဉ်ဖြစ်သည်)။ မောရှေက ဘုရားသခင်၏ ကြီးမြတ်မှုကို ချီးမွမ်းဖွဲ့ဆိုသည်။ ဣသရေလလူများအပေါ်တွင် ပြုတော်မူသော ကြီးမြတ်မှုများကို ပဌနာပြုချီးမွမ်းဖွဲ့ဆိုသော သီချင်းဖြစ်သည်။ ၃၂:၄–၉ ဘုရားသခင်က ကြီးမြတ်ခြင်း၊ တရားမျှတခြင်း၊...