တရားဟောရာကျမ်း ၁၈
(ဍ) ယဇ်ပုရောဟိတ်၊ လေဝိနှင့်ပရောဖက်များ (အခန်း ၁၈) ၁၈:၁–၈ ဘုရားသခင်၏ ကျွေးမွေးစောင့်ရှောက်မှု ခံယူသော ယဇ်ပုရောဟိတ်များနှင့် ပရောဖက်များအကြောင်းတွေ့ရပြန်သည်။ ထိုသူများသည် ကတိတော်မြေတွင် သာမန်အရပ်သားများကဲ့သို့ အမွေခံရသူများမဟုတ်။ ဘုရားရှင်ပြင်ဆင်ပေးခြင်းဖြင့် ရပ်ရွာပြည်သားများ၏ ကျွေးမွေးထောက်ပံ့မှု ခံယူကြသည်။ ယဇ်ပူဇော်သက္ကာပြုကြလျှင် ယဇ်ကောင်၏ ပုခုံး၊ မေးရိုးနှစ်ဘက်၊ ဝမ်းဗိုက်၊ ပထမဦးဆုံးအသီး၊ စပျစ်၊ ဆီ၊ သိုးမွှေးများ ခံယူခွင့်ရှိကြသည်။...