Category: ယေရမိအနာဂတ္တိကျမ်း

  • ယေရမိအနာဂတ္တိကျမ်း ၁၅

    ၁၅:၁–၄ ပရောဖက် ယေရမိက ကြားဝင်ဆောင်ရွက်ပေးသော်လည်း ယုဒလူများသည် အလိုက်ကမ်းဆိုး မသိကြ။ ဆိုးသွမ်းမြဲ ဆိုးသွမ်းယုတ်ကမ်းကြသည်။ သို့ကြောင့် စီရင်ပြီးသည့်အတိုင်း ဓါးဘေး၊ ငတ်မွတ်ဘေး ကျရောက်သည့်အပြင် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံကြသည်။ မောရှေနှင့် ရှမွေလကဲ့သို့သော ရွှေပြည်အေးဆရာကြီးများပင်လျှင် ဘုရားရှင်၏ အပြစ်တရား စီရင်ခြင်းကို မပြောင်းလဲစေနိုင်ကြ။ ယေရုရှလင်တွင် မနာရှဲဘုရင်၏ ရုပ်တုဆင်းတု ကိုးကွယ်မှုနှင့် မောလက်ဘုရား ကိုးကွယ်မှု (၄ရာ၂၁:၁-၁၆)...

  • ယေရမိအနာဂတ္တိကျမ်း ၁၆

    (ဃ) ယေရမိ၏ အားသွန်ခွန်စိုက် အမှုတော် (အခန်း၁၆:၁–၁၈) ၁၆:၁–၉ ခေတ်ပျက်တော့မည် ဖြစ်သောကြောင့် ပရောဖက်ယေရမိအား အိမ်ထောင်မပြုရန် တားမြစ်ထားသည်။ သမ္မာကျမ်းစာ တစ်အုပ်လုံးတွင် ပရောဖက်ယေရမိ တစ်ပါးတည်းသာလျှင် အိမ်ထောင်မပြုရန် တားမြစ်ခြင်း ခံရသူဖြစ်သည်။ ဘုရားသခင်က ဘေးဥပါဒ် ကျရောက်စေခြင်း ဖြစ်သောကြောင့် နေရာအနှံ့အပြားတွင် အသေကောင်မသာများ ပေါများသည်။ သို့ကြောင့် မသာအတွက် လွမ်းဆွေးခြင်း၊ ဆွမ်းသွတ်ခြင်း မပြုနိုင်ကြ။...

  • ယေရမိအနာဂတ္တိကျမ်း ၁၇

    (င) ယေရမိ၏တည်ကြည်ခိုင်မြဲခြင်း (အခန်း ၁၇:၁၉-၂၇) ၁၆:၁၉–၂၁ တပါးအမျိုးသားများ ရုပ်တုဆင်းတု ကိုးကွယ်ရာမှ ဘုရားသခင်ထံသို့ ကူးပြောင်းလာမည့် အကြောင်းကို ယေရမိကြိုမြင်သည်။ အပိုဒ်ငယ်(၂၁)တွင် ယုဒလူမျိုးအား ဆုံးမပဲ့ပြင်ခြင်း ခံကြစေရန် ဘုရားသခင်၏ ခိုင်မာသော သဘောထားကို တွေ့ကြရသည်။ ၁၇:၁–၁၁ ယုဒတို့သည် ရုပ်တုဆင်းတု ကိုးကွယ်ခြင်းအား အရိုးစွဲကြသောကြောင့် မိမိတို့ နေရပ်ဒေသမှ မောင်းထုတ်၍ သူတပါး ဖမ်းဆီးကျွန်ပြုခံရသည်။...