၂။ပရောဖက်ယောနကယ်တင်ခံရခြင်း(အခန်း၂) (က) ယောန၏ဆုတောင်းချက် (၂:၁–၉) ယောနသည် ငါးကြီ:ဝမ်းဗိုက်ထဲမှ ဘုရားသခင်ထံ ဆုတောင်းသည်။ ဤငါးကြီးဝမ်းဗိုက်မှ ကယ်လွှတ်ရန်နှင့်ကျေးဇူးတော်ကို ချီးမွမ်းစကားဖြင့် ယဖ်ပူဇော်မည့်ကြောင်းဆုတောင်းသည်။ ထိုဆုတောင်းချက်ကို ဘုရားရှင်အဖြေပေးသည်။ သူ့ဆုတောင်းချက်များမှာ ဆာလံကျမ်းအပိုင်းအစများဖြစ်သည်။ထိုဆုတောင်းချက်ကို J. Sidlow Baxter က ဤသို့ခွဲခြားစိတ်ဖြာ သုတေသနပြုခဲ့သည်။ ယောနဆုတောင်းချက်တွင် အသနားခံခြင်းတလုံးတပါဒမျှမပါရှိပါ။ ကျေးဇူးတော်ကိုချီးမွမ်းခြင်း(ငယ်၊၂–၆)နောင်တရခြင်း(ငယ်၇–၈)၊ မိမိသက်တာကို အကြွင်းမဲ့အပ်နှံခြင်း(ငယ်၊၉)၊ ကိုသာတွေ့ရသည်။ ဆာလံသီချင်းချီးမွမ်း ပူဇော်ခြင်းအမှန်ဖြစ်သည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ယောနဝတ္ထု