ယောနဝတ္ထု ၃
၃။ ဘုရားသခင်၏နှုတ်ကပတ်တော်ဟောကြားခြင်း(အခန်း၃) (က) ကြောက်မက်ဖွယ်ရာ တရားစီရင်ခြင်း (၃:၁–၄) ဘုရားသခင်က ယောနအား နိနေဝေမြို့သို့ တဖန်စေလွှတ်သည်။ နောင်ကြဉ်သွားပြီဖြစ်သဖြင့် ဤတခေါက်တွင်မူ အပိုးကျိုးစွာနာခံသည်။ မြို့တော်ထဲသို့ ဝင်ရောက်ပြီးနောက်၊ နောက်ရက်ပေါင်း(၄၀)လွန်သော် နိနေဝေမြို့ပျက်စီးမည့်အကြောင်း တလမ်းဝင် တလမ်းထွက် လိုက်လံဟောပြောသည်။ (ခ) မြို့တော်အဝှမ်းနောင်တရကြခြင်း(၃:၅–၉) ငါးဘုရားကို ကိုးကွယ်နေကြသော နိနေဝေသားများသည် ယောန၏ စကားကို ကြားကြသောအခါ ထိတ်လန့်ကြသည်။ လူမိုင်းတွင်...