Category: ယောရှုမှတ်စာ

  • ယောရှုမှတ်စာ ၂၁

    (ဃ) လေဝိမြို့ကြီးများ (အခန်း ၂၁)           ၂၁:၁–၄၂ ဣသရေလပြည်အနှံ့အပြားတွင် လေဝိမြို့ပေါင်း(၄၈)မြို့ရှိသည် (ငယ်၄၁)။ ဘေးမဲ့မြို့ကြီးများသည်လည်း လေဝိအမျိုးသားများနှင့် ပတ်သက်သည်ဟု ဘုရားရှင် မိန့်ဆိုထားသည် (တော ၃၅:၂-၈)။ ကောဟတ်အမျိုး (က) အာရုန်၏သားများ (ယဇ်ပုရောဟိတ်များနယ်မြေတွင် ယုဒ၊ ရှိအောင်၊ ဗင်္ယာမိန် လူများအကြား၌ မြို့ပေါင်းတစ်ဆယ့်သုံးမြို့။ (ခ) ကောဟတ်အမျိုး၏ အဓိကနေရာများ၊ ဧဖရိမ်၊ ဒန်နှင့်မနာရှေလူများအကြားတွင်...

  • ယောရှုမှတ်စာ ၂၂

    (င) ယော်ဒန်မြစ်အရှေ့ဘက်ကမ်းရှိယဇ်ပလ္လင် (အခန်း ၂၂)           ၂၂:၁–၉ ယော်ဒန်မြစ်အနောက်ဘက်ကမ်းအား လူမျိုးအလိုက် နယ်မြေခွဲပြီးကြသောအခါ စစ်ကူတိုက်ပေးသော ရုဗင်၊ ဂဒ်နှင့် မနာရှေလူတစ်ဝက်တို့အား ယောရှု ကတိပေးထားသည့်အတိုင်း အရှေ့ဘက်ကမ်းသို့ ပြန်ခွင့်ပြုလိုက်သည်။ တိုက်ပွဲတွင် သိမ်းဆည်းရမိသောပစ္စည်းများကို ယူဆောင်ခွင့်ပြုသည်။ ယော်ဒန်မြစ်အနောက်ဘက်ကမ်းအား ငြိမ်ဝပ်ပိပြားသည်တိုင်အောင် အရှေ့ဘက်ကမ်းမှ လူများလည်း ရှိနေကြသည်။ ယုံကြည်သူများ၏ စစ်သူကြီးသည်လည်း ဘုရားသခင်၏နိုင်ငံတော်ငြိမ်ဝပ်ပိပြားသည့်တိုင်အောင် စစ်ကူတိုက်ပေးခဲ့ပါသည် (၁တိ...

  • ယောရှုမှတ်စာ ၂၃

    (စ) ဣသရေလခေါင်းဆောင်များသို့ ယောရှု၏ နှုတ်ဆက်စကား (အခန်း ၂၃) ယောရှု၏ နှုတ်ဆက်စကား နှစ်ခွန်းအနက် ဣသရေလခေါင်းဆောင်များသို့ ပြောသောစကားဖြစ်သည်။ ရဲစွမ်းသတ္တိရှိဖို့နှင့် ဝိညာဉ်ခွန်အား ပြည့်ဝကြဖို့ အားပေးသည် (ငယ်၆)။ အစောပိုင်းကာလတွင် ဘုရားသခင်က သူ့ကို ပြောသောစကားများ ပြန်လည်အသုံးပြုသည်(၁:၇)။ ဘုရားပေး ထိုစကားကိုလက်တွေ့ အသက်တာတွင် အောင်မြင်စွာအကျိုးရှိကြောင်း ကိုယ်တွေ့မျက်မြင်ခံခဲ့သဖြင့် နှောင်းလူများအား လက်ဆင့်ကမ်း အမွေစကားပေးခဲ့သည်။ ဘုရားသခင်၏...