Category: ဟေရှာယအနာဂတ္တိကျမ်း
-
၉။ ဣသရေလတို့လိမ္မာ၍ပြန်လာကြခြင်း(အခန်း၄၈) ၄၈:၁-၂ ဗာဗုလုန်လက်တော်သို့ဖမ်းဆီးခြင်းခံရသောယုဒများသို့လိပ်မူ ထားသည်။ လူများစုသည်မယုံကြည်ခေါင်းမာသူများဖြစ်သည်။ ယေဟောဝါဘု ရားသခင်အားယုံကြည်သူလူနည်းစုသာရှိသည်။ သူတို့ကိုသူတို့ဣသရေလ(ဘု ရားသခင်၏မင်းသား)ဟုခံယူကြသော်လည်းစင်စစ်တွင်မူမပီသကြ။ ယုဒ(ချီး မွမ်းခြင်း)မျိုးနွယ်ဖွားများဖြစ်သော်လည်းဘုရားသခင်ကိုချီးမွမ်းခြင်းမပြုကြ။ ဘုရားသခင်၏ဣသရေလလူမျိုးဟုခံယူကြသော်လည်း သူတို့အပြစ်ကိုဝန်မခံကြ။ သန့်ရှင်းသောမြို့တော်တမ်းတကြသော်လည်း သူတို့ကိုယ်တိုင်မှာမသန့် ရှင်းကြ။ ဣသရေလတို့၏ဘုရားဟုတိုင်တည်ကြသော်လည်းသူတို့ကိုယ်မှာဘု ရားတရားမဲ့ကြသည်။ ၄၈:၃-၅ ယုဒတို့၏သမိုင်းကြောင်းကိုဘုရားရှင်နိမိတ်ပေးပြီးဖြစ်သည်။ ထိုနိမိတ်ပေးသည့်အတိုင်းအမှန်တကယ်ကြုံတွေ့ကြသည်။ စိတ်နှလုံးမိုက်ရိုင်း ခြင်းနှင့်မာကျောခြင်းများကိုလည်းဘုရားရှင်သိသည်။ ထိုစိတ်သဘောထားကို ပြုပြင်ခြင်းမရှိ၊ရုပ်တုဆင်းတုကိုးကွယ်နေသရွေ့ကာလပတ်လုံးဘုရားသခင်က လှည့်ကြည့်မည်မဟုတ်။ ၄၈:၆-၈ ဘာသာရပ်အလှည့်အပြောင်းလုပ်ထားသည်။ ကုရုမင်းလက်...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း
-
(ခ)ဣသရေလများကမေရှိယသခင်ငြင်းပယ်ကြခြင်း(အခန်း၄၉-၅၇) ၁။ အစေခံမေရှိယသခင်(အခန်း၄၉) အခန်း၄၉-၅၃ တွင်သူ့လူများကမေရှိယသခင်ငြင်းပယ်ကြသည့်အ ကြောင်းပြောထားသည်။ ဤသင်ခန်းစာသည်ယေဟောဝါဘုရားသခင်၏အစေ ခံတော်ဆင်းရဲဝေဒနာခံရသည့်အခန်းဖြစ်သည်။ ၄၉:၁-၆ အခန်းကြီး(၄၉)တွင် ဣသရေလကိုယေဟောဝါဘုရားသခင်၏ အစေခံအဖြစ်ဖော်ပြထားသည်။ အပိုဒ်ငယ်၁-၃သည်ဣသရေလလူမျိုးဟုထင် မှတ်စရာရှိသော်လည်းအမှန်စင်စစ်မှာသခင်ယေရှုဖြစ်သည်။ အပိုဒ်ငယ်(၃)တွင် ဣသရေလဟုနာမည်တပ်သော်လည်းအမှန်တကယ်မူခရစ်တော်ဖြစ်သည်။ ဘုရားသားတော်ယေရှုကိုဆိုလိုသည်။ ဣသရေလလူမျိုးမဟုတ်ပါ။ အပိုဒ်ငယ်၅-၆ တွင်ပါရှိသည့်အစေခံသည် ဣသရေလလူမျိုးနှင့်တခြားစီဖြစ်သည်။ ဣသရေလ တို့ပြန်လည်စုစည်း၊ နာလံထူကြမည့်အကြောင်းကျမ်းပိုဒ်များတွေ့ရသည်။ ပထ မဦးစွာကုရုမင်းလက်ထက်ဖြစ်သည်။ မေရှိယနိုင်ငံတော်တည်ထောင်သောအခါ စုစည်းခြင်းပြီးပြည့်စုံသွားမည်။ အစေခံဆိုသည်မှာအထံတော်သို့စုစည်းသောကမ္ဘာသူကမ္ဘာသားအားလုံး နှင့်ဆိုင်သည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း
-
၂။ တပည့်တော်စင်စစ်မေရှိယ(အခန်း၅၀) ၅၀:၁-၃ ယေဟောဝါဘုရားကဣသရေလလူမျိုးတို့နှစ်ကိုယ်ကြားပြောစ ကားဖြစ်သည်။ ပြောစကားနားမထောင်လျှင် ကွာရှင်းပစ်မည်ဟုသတိပေး သည်။ (သို့သော်ကွာရှင်းခြင်းအလျဉ်းမပြုယေ၃:၈) နမူနာအဖြစ်ခါလဒဲတပါး အမျိုးသားများလက်ထဲသို့ထည့်ခဲ့သည်။ ထိုသို့ပြုခြင်းမှာခေါင်းမာ၍ဒုစရိုက်ပြု ကြသောကြောင့်ဖြစ်သည်။ မည်သည့်တိုင်းနိုင်ငံသားကမှကိုယ်တော်အားလက် ခံကြိုဆိုခြင်းမပြု၊ ခေါ်သံလည်းမထူးကြ။ အစွမ်းတန်ခိုးမရှိဟုထင်မှတ်ကြလေ ရော့သလား။ ပင်လယ်နီနှင့်ယော်ဒန်မြစ်ကိုခမ်းခြောက်စေနိုင်စွမ်းဟုထင်မှား ကြသလား။ ကောင်းကုန်တန်ဆာမထိုက်တန်ဟုထင်ယောင်မှားကြသလား။ ၅၀:၄-၉ မေရှိယသခင်အကြောင်းနောက်တစ်ခုမှာဓမ္မဟောင်းကာလမှ ယေဟောဝါသည်ဓမ္မသစ်ကာလတွင်ယေရှုဖြစ်လာသည်ကို တိုင်းနိုင်ငံသားများသိ ကြားစေချင်သည်။ စစ်မှန်သောတပည့်တော်ဖြစ်သည်နှင့်အညီဘုရားသခင်၏ နှုတ်တော်ထွက်စကားများကိုသာပြန်လည်ဖောက်သည်ချသည်။ နှုတ်ကပတ် တော်အတိုင်းသွန်သင်သည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း