ကမ္ဘာဦးကျမ်း ၃
(ခ) စုံစမ်းခြင်းနှင့်စုံစမ်းမှု မခံနိုင်ခြင်း (အခန်း ၃) ၃:၁–၆ ဧဝထံသို့ ရောက်လာသော မြွေဆိုသည်မှာ စာတန်ကိုယ်တိုင် (ဗျာ ၁၂:၉ ကိုကြည့်) ဖြစ်သည်။ ထိုသို့ စာတန်မာရ်နတ်က တိရစ္ဆာန်ဘဝဖြင့် ရောက်လာခြင်းသည် တကယ့်မြွေဆိုးကြီး ရောက်လာခြင်း မဟုတ်။ အပြစ်ဝင်ရောက်လာပုံ ပုံဆောင်ရှင်းပြခြင်းဖြစ်သည်။ မြွေဆိုး၏စကားပုံကို ထောက်ကြည့်ပါ။ မြွေ၏လှည့်စားခြင်းကို ဧဝက ယုံကြည်လက်ခံသည်။ ပေါလုက (၂ကော...