ဟေရှာယအနာဂတ္တိကျမ်း ၆၁
၄၊၊မေရှိယသခင်၏အမှုတော်(အခန်း၆၁) ၆၁:၁-၄ ဤကျမ်းပိုဒ်တွင်စကားပြောသူသည်သခင်ယေရှုခရစ်တော်ဖြစ် သည်။ နာဇရက်တရားစရပ်တွင်ပြောခဲ့သောစကား(လု၄:၁၆-၂၁)ကိုအခန်း ငယ်၁-၂တွင်ပြန်လည်ဖော်ပြထားသည်။ ”ယနေ့ပင်ဤကျမ်းစာချက်သည် သင်တို့ကြားသည့်အ တိုင်းပြည့်စုံလေပြီ”(လု၄:၂၁)။ ခရစ်တော်သည်ယော်ဒန် မြစ်တွင်နှစ်ခြင်းမင်္ဂလာခံယူစဉ်သန့်ရှင်းဝိညာဉ်တော်ဖြင့်ထပ်မံဘိသိက်ပေး ထားသည်။ လူ့လောကတွင်အမှုတော်ပြုနေစဉ်တွင်လည်းကောင်းမှုကုသိုလ်အကျင့်သီလများပြုခဲ့သည်။ ဆင်းရဲသားများကယ်တင်သည်။ စိတ်နှလုံးကြေ ကွဲဝမ်းနည်းသူများငြိမ်သက်ဆောက်တည်ရာပေးသည်။ အပြစ်ဒုစရိုက်နွံနစ်သူ များလွတ်မြောက်စေသည်။ အကျဉ်းခံရသူများမျက်စိပွင့်လင်းစေသည်။ အချုပ်ခံရသူများလွတ်မြောက်စေသည်။ သို့သော်ထာဝရဘုရား၏မင်္ဂလာနှစ်နောက် တွင်အပြစ်ပေးရာနေ့ရက်ကာလရောက်လာမည်။ အဘယ့်ကြောင့်ဆိုသော်ဘု ရားသခင်၏အရေးယူအပြစ်ပေးမည့်ကာလရောက်လာဦးမည်ဟုဆိုထားသည်။ ထိုအမှုအရာများသည်ခရစ်တော်ဘုရားဒုတိယအကြိမ်ပြန်လည်ကြွလာသည့် အချိန်တွင်ပြည့်စုံမည်။ ဘုန်းတန်ခိုးနှင့်ပေါ်ထွန်းလာသောအခါဘုရားသခင်၏ တရားစီရင်မည့်နေ့ကြေညာမည်။ ဇိအုန်တောင်ပေါ်တွင်ငြိမ်သက်ချမ်းသာရ မည့်အကြောင်းနှစ်သိမ့်မည်။...