ဟေရှာယအနာဂတ္တိကျမ်း ၆၄
၆၄:၁-၅ ၆၃:၁၅ မှအစပြုသောဆုတောင်းချက်သည်ယခုအခါဝန်ချခြင်း သို့ပြောင်းလဲလာသည်။ ကိုယ်တော်ဘုရားသည်ရွေးကောက်ထားသူများ ကောင်းစားဖို့၊သူတို့ရန်သူများနှိမ်နှင်းပေးနိုင်ဖို့ကောင်းကင်တံခါးကိုဖွင့်လှစ်၍ ဆင်းသက်လာသည်။ ဘုရားသခင်ထံတော်သို့ခေါ်ဆောင်သည်။ မျှော်လင့်သည် ထက်အံ့ဩဖွယ်ရာအမှုပြုတော်မူသည်။ ဣသရေလလူမျိုးကိုဘုရားသခင်၏ စိတ်တော်ထိတွေ့မည့်သူ၊ဖြောင့်မတ်သန့်ရှင်းသူများဖြစ်စေချင်သည်။ သို့သော် အပြစ်ဒုစရိုက်ထဲတွင်ဗွက်လူးနေကြသဖြင့်အမျက်တော်ရှခဲ့သည်။ ထိုလူများအ တွက်ကယ်တင်ခြင်းမျှော်လင့်ချက် တစုံတရာရှိနိုင်ပါသလား။ ၆၄:၆-၇ မစင်ကြယ်သူများဖြစ်ကြောင်းဝန်ခံရမည်။ သန့်ရှင်းစင်ကြယ် ခြင်းဟုထင်မှတ်ခဲ့သောအကောင်းဆုံးအကျင့်သီလများသည်ဘုရားသခင်ရှေ့ တွင်ညစ်ညမ်းသောဆီသည်မ လက်သုတ်ပုဝါဖြစ်ကြောင်းသိရှိလာရမည်။၆၉ လေ တိုက်ရာလွင့်ပါသွားသောယော်ရွက်ကြွေများဖြစ်ကြသည်။ ဝိညာဉ်ရေးရာအ သေကောင်များဖြစ်သည်။ ဘုရားသခင်နှင့်စေ့စပ်ငြိမ်းချမ်းစေမည့်သူမရှိ။ အဘယ်ကြောင့်ဆိုသော်သူတို့အပြစ်ဒုစရိုက်များကိုရွံရှာသောကြောင့်ဘုရားသ ခင်ကစွန့်လွှတ်သည်။ ၆၄:၈-၉...