ယေဇကျေလအနာဂတ္တိကျမ်း ၁၃
(ဋ) အတုအယောင်ပရောဖက်မိုက်တို့၏ ကံကြမ္မာဆိုး(အခန်း ၁၃) ၁၃:၁−၃ ဤအခန်းတွင် မှားယွင်းသောမိစ္ဆာ ယောက်ျားပရောဖက်(ငယ် ၂၁−၁၆)၊ မိစ္ဆာမိန်းမ ပရောဖက်(ငယ် ၁၇−၂၃)များအကြောင်းကို ဖော်ပြထားသည်။ ထိုအတုအယောင် ပရောဖက်မိုက်တို့သည် သူတို့စိတ်ထဲမှထွက်ပေါ် သမျှစိတ်ကူးကို ဘုရားစကားတော်အဖြစ် ပရောဖက် ပြုကာ လူပြိန်းကြိုက်ဟောပြော ကြသည်။ “ဘူရားသခင်ပြောသည်မှာ”ဟု အစပြုသော်လည်း နောက်ဆက်တွဲမှာမုသာစကား၊ ပရောဖက်ပြုချက်အတုအယောင် သာဖြစ်သည်။ ယနေ့ခေတ်၌လည်း ကိုယ်ပိုင်တွေးခေါ်...