ယေဇကျေလအနာဂတ္တိကျမ်း ၂၂
(ဂ) ယေရုရှလင်ညစ်ညမ်းခြင်း ဗျာဒိတ်တော်(၃)ပါး (အခန်း၂၂) ၂၂:၁−၁၂ ယေရုရှလင်၏ အပြစ်ဒုစရိုက်များကို ဖော်ပြသည်။ သွေးချောင်းစီးခြင်း(ငယ်၉) (လူ့အသက်ဖြင့် ယဇ်ပူဇော်ခြင်းလည်းပါနိုင်သည်)။ ရုပ်တုဆင်းတုကိုးကွယ်ခြင်း(ငယ် ၃−၄)၊ လူသတ်ခြင်း၊ သူစိမ်းဧည့်သည်များ၊ မိဘမဲ့ကလေးသူငယ်များနှင့် မုဆိုးမများကိုနှိပ်စက်ခြင်း (ငယ်၇)၊ ဗိမာန်တော်ညစ်ညူးစေခြင်း၊ ဥပုသ်နေ့ပညတ်ချက် ချိုးဖောက်ခြင်း(ငယ်၈)၊ ယုတ်ညံ့သိမ်ဖျင်းခြင်း၊ ကာမဂုဏ်လိုက်စားခြင်း(ငယ်၉) ၊ အကျင့်စာရိတ္တညံ့ဖျင်းခြင်း (ငယ်၁၀)၊ သူများအိမ်ယာပြစ်များခြင်း၊ သွေးသားနိးစပ်သူနှင့် ကာမေသုမိစ္ဆာပြုခြင်း (ငယ်၁၁)၊...