ဇာခရိအနာဂတ္တိကျမ်း ၁၂
၆။ ဒုတိယဗျာဒိတ်၊ မေရှိယ ဒုတိယအကြိမ်ကြွလာခြင်း (အခန်း ၁၂–၁၄) (က) တိုင်းနိုင်ငံသားများအဖို့ ယေရုရှလင်သည် ပြဿနာအရင်းအမြစ် (၁၂:၁–၃) တနေ့သောအခါ တပါးအမျိုးသားများသည် ယေရုရှလင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် လေးဘက်လေး တန်မှ ချီတက်လာကြမည်ဟု ထပ်မံသတိပေးသည်။ ယေရုရှလင်မြို့ကို ရန်ပြုသူများသည် မိမိဒုက္ခ မိမိရှာဖွေခြင်း သာ ဖြစ်လိမ့်မည်။ လေးလံသောကျောက်တုံးကြီးကို မနိုင်မနင်းမသကဲ့သို့ မိမိခြေပေါ် ကျောက်တုံး...