ရှင်မာကုခရစ်ဝင် ၄
(ဃ) မျိုးကြဲခြင်းပုံဥပမာ (၄:၁-၂၀) ၄:၁-၂ ယေရှုရှင်သည် ပင်လယ်ကမ်းနားတွင်လူအုပ်ကြီးအား တရားဟောကြားပြန်သည်။ လူအုပ်ကြီးသည် တိုးဝှေ့များပြားလာသဖြင့် ယေရှုသည် မတ်တပ်ရပ်စရာ နေရာမရှိတော့ပါ။ ထို့ကြောင့် ပရိသတ်များ ရှေ့တိုးမလာနိုင်သော ရေစပ်နား လှေပေါ်တွင် မတ်တပ်ရပ်၍ တရားဟောရသည်။ လောကသားများ သဘောပေါက်လွယ်မည့် အရာဝတ္တုများဖြင့် ပုံဥပမာပေးရှင်းပြသည်။ လူလောက ပတ် ဝန်းကျင်ကို ဝိညာဉ်ရှုဒေါင့်ဖြင့် ကြည့်ရှုလိုက်သည်။ ယနေ့ခေတ်ကလာ ယုံကြည်သူများသည်လည်း...