ရောမသြဝါဒစာ ၁၆
(ဇ) အခြားသူများအား အသိအမှတ်ပြုဆက်ဆံခြင်း (အခန်း ၁၆) ဤအခန်းသည် ရောမသြဝါဒ၏ နောက်ဆုံးအခန်းဖြစ်သည်။ လိပ်မူထားသောပရိတ်သတ် သည် ယုံကြညသူများအတွက် စိတ်ဝင်စားဖွယ်ရာ နည်းသော်လည်းယူတတ်လျှင် အရေးကြီးသော သင်ခန်းစာဖြစ်ပါသည်။ ၁၆:၁ ကင်ခြေအသင်းတော်မှ အစေခံဖိဗေ၆၀ အကြောင်းဖော်ပြထားသည်။ ထိုအမျိုးသမီး သည် ဘာသာရေးတွင် သီးခြားအခွင့်အရေးရရှိသူမဟုတ်ပါ။ ဒေသန္တရအသင်းတော်တွင် ပါဝင် ဆက်ကပ်သော “အမျိုးသမီးအသင်းထောက်”ဖြစ်သည်။ ၁၆:၂ ကနဦးအသင်းတော်ကာလတွင် ယုံကြည်သူများအသင်းတော်တပါးမှ...