သက်သာလောနိတ်သြဝါဒစာပဌမစောင် ၅
(င) သခင်ဘုရား၏နေ့ရက်(၅:၁–၁၁) ၅:၁ ဤနေရာတွင် ရှင်ပေါလုက အခြားသင်ခန်းစာသို့ ခေါင်းစဉ်ပြောင်းသည်။ ချီဆောင်ခြင်းနှင့် သခင်ဘုရားနေ့ရက် အကြောင်းဖြစ်၍ ဂရိဘာသာဖြင့် peride ဟုဆိုသည်။ ယုံကြည်သူများအတွက် ချီဆောင်ခြင်းသည် ပူပန်စရာမဟုတ်။ ခရစ်တော်နှင့် မဆိုင်သောသူများသာ ပူရသည်။ ဤနေရာတွင် အချိန်နှင့်ကာလ အရေးကြီးသည်။ ထိုကာလသည် ယုဒများ၏ လက္ခဏာနှင့် ဆိုင်သည်။ ထိုကာလတွင် ဘုရားသခင်သည် ဣသရေလလူမျိုးနှင့် ဆက်ဆံပတ်သက်လာမည်ဟု...