Category: ဓမ္မသစ်ကျမ်း

ဓမ္မသစ်ကျမ်း

  • သက်သာလောနိတ်သြဝါဒစာဒုတိယစောင် ၂

    ၃။ သခင်ဘုရားနေ့ရက်အကြောင်း(၂:၁–၁၂) (က) ရင့်ကျက်တည်ငြိမ်ဖို့ဆွဲဆောင်စည်းရုံးခြင်း(၂:၁–၂) ၂:၁ သက်သာလောနိတ်သားများက ခရစ်တော်ဘုရား ကြွလာခြင်းနှင့် သခင်ဘုရား၏ နေ့သဘောမပေါက်ကြကြောင်း ရှင်ပေါလုရိပ်မိသည်။ သန့်ရှင်းသူများပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်မှု ခံရခြင်းသည် သခင်ဘုရား၏ နေ့အစပိုင်းရောက်ရှိခြင်း ဖြစ်သည်ဟု အလွယ်တကူမှတ်ယူကြသည်။ ရှင်ပေါလုကိုယ်တိုင်လည်း ထိုသခင်ဘုရား နေ့ရောက်သည်ဟု ယုံကြည်နေကြောင်းနှင့် ထိုအကြောင်း လိုက်ဟောနေကြောင်း ပတ်ဝန်းကျင်တွင် ကောလဟာလ ပလူပျံနေသည်။ ထို့ကြောင့် တမန်တော်ကြီးက ပြန်လည်တည့်မတ်ပေးသည်။...

  • သက်သာလောနိတ်သြဝါဒစာဒုတိယစောင် ၃

    ၅။ လက်တွေ့ကျကျတိုက်တွန်းချက်များ(၃:၁–၁၅) (က) အပြန်အလှန်ဆုတောင်းပေးခြင်း(၃:၁–၅) ၃:၁ ရှင်ပေါလုက သန့်ရှင်းသူများအတွက် ဆုတောင်းပေးသည်။ ဤအခန်းကို ဆုတောင်းခြင်း (၃)မျိုးဖြင့် အစပြုသည်။ (၁)ဒေသနာတွင် ဝိညာဉ်တော်တန်ခိုးပါရှိဖို့ (၂)ဒေသနာစကားအောင်ပွဲခံဖို့ (၃)ဒေသနာရှင်များ လုံခြုံဖို့ ဆုတောင်းပေးရသည်။ နှုတ်ကပတ်တော်အား အလျင်အမြန် ပျံ့နှံ့စေချင်သည်။ အခက်အခဲမည်မျှပင် ရှိစေကာမူ ဓါးတောင်ကျော်၍ မီးပင်လယ်ကိုလည်း ဖြတ်သန်းရမည်။ ဇယားဖြင့် ပြသလျှင် အထက်သို့သာ တက်ရမည်...

  • တိမောသေဩဝါဒစာ ပထမစောင် နိဒါန်း

              ဤဩဝါဒစာစောင်က တိမောသေအား မိမိကိုယ်ကို ယုံကြည်စိတ်ချမှု အထောက်အကူများစွာ ပေးပါမည်။ တစ်ဦးချင်းအသက်တာနှင့် တိမောသေ၏ လုပ်ဆောင်ချက်များအတွက် လမ်းညွှန် ဖြစ်သည်။  D.Edmond Hiebert ၁။ စံတော်မီ ဝိသေသလက္ခဏာ           အသင်းတော်၌ ဓမ္မအမှုတော်ဆောင်ရာတွင် ယုံကြည်ခြင်း ထွေပြားမှုမရှိစေရန် တမန်တော်ကြီး ပေါလု၏ ပေးစားဖြစ်သည်။ အဓိကပြဿနာ “ပေါလုလမ်းစဉ် ဆန့်ကျင်ခြင်း”ကြောင့် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်...