တိတုသြဝါဒစာ ၁
၁။ နှုတ်ခွန်းဆက်ခြင်း (၁:၁–၄) ၁:၁ ရှင်ပေါလုသည် ဘုရားသခင်၏ ကျွန်နှင့် ယေရှုခရစ်တော်၏ တမန်တော်ဖြစ်သည်။ အကြီးဆုံးသော သခင်၏ ကျွန်နှင့်သခင်ဘုရား၏ စေတမန်ဖြစ်သည်။ ပထမရာထူးသည် ဝန်ခံခြင်းဖြင့်ဖြစ်၍ ဒုတိယရာထူးသည် ဆက်ကပ်ခြင်းဖြင့်ဖြစ်သည်။ ရှင်ပေါလု၏ အမှုတော်ဆောင်ခြင်း ပန်းတိုင်မှာ ဘုရားသခင်၏ စီမံခွဲခန့်ခြင်းကို ယုံကြည်န်နှင့် သမ္မာတရားကို ပို၍ သိရှိနားလည်ကြရန် ဖြစ်သည်။ ယုံကြည်မှုထက်သန်ခြင်းဆိုသည်မှာ ပထမဦးစွာ...