ဟေဗြဲသြဝါဒစာ ၁၃
(ဃ) ခရစ်ယာန်များကျေးဇူးတော်အမျိုးမျိုးခံစားရမည့်အကြောင်းတိုက်တွန်းချက် (၁၃:၁.၁၇) ၁၃:၁ ဟေဗြဲများအား လက်တွေ့အသက်တာတွင် ကြီးထွားခြင်းရှိရမည့်အကြောင်း အချက် (၆)ချက်ဖြင့်တိုက်တွန်းအားပေးထားသည်။ ပထမဦးဆုံးအချက်မျာ ညီအစ်ကိုအချင်းချင်း ချစ်ခြင်း မေတ္တာထားရှိရန်ဖြစ်သည်။ ခရစ်ယာန်မိသားစုများတွင် မရှိမဖြစ်အဓိကဆက်ဆံရေးလိုအပ်ချက် ဖြစ်သည်။ ချစ်ဖွယ်သောစကားနှင့် လိုဖွယ်အပြုအမူရှိကြရမည့်အကြောင်း တိုက်တွန်းထားသည် (၁ယော ၃:၁၈)။ ၁၃:၂ ဧည့်သည်များအား ဧည့်ဝတ်ကျေပွန်ကြရန် သွန်သင်ခြင်းဖြစ်သည်။ ယုံကြည်ခြင်း ကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်၍ ဆင်းရဲဒုက္ခကြုံတွေ့နေရသူများအား ဖိစီးမှုဒဏ်မှသက်သာရစေခြင်းငှာ...