ရှင်ယာကုပ်သြဝါဒစာ ၅
၉။ ချမ်းသာခြင်းနှင့်အနာဂတ်သံဝေဂ (၅:၁–၆) ပေါက်ပေါက်ရှာရှာ ဤအခန်းတွင် ကြွယ်ဝချမ်းသာခြင်း၏ အပြစ်ကို စွဲချက်တင်ထားသည်။ ပိဿလေးနှင့်ပစ်ပေါက်၊ ခေါင်းကိုတူနှင့်ထုနှက်သကဲ့သို့ စကားလုံးအတုံးလိုက် အတစ်လိုက်သုံး ထားသည်။ ပစ်ပစ်ခါခါ ဝေဖန်ထားသဖြင့် ဤကျမ်းချက်မျိုးကိုတရားဟောခဲ့ကြသည်။ ဤအခန်းတွင် ရှင်ယာကုပ်သည် လူမှုရေးပရောဖက် ဖြစ်နေသည်။ လူ့ချမ်းသာသူ ဌေးသူကြွယ်များက ငွေကြေးဓနများကိုလူမှုဒုက္ခများ ဖြေရှင်းရာတွင်ထဲ့ဝင်မသုံးချင်ကြသည့်အကြောင်းကို ညွှန်ပြမည်တမ်းထားသည်။ အလုပ်သမားများကို မတရားခိုင်းစားသော ခေါင်းပုံဖြတ်သမားများကို ရှုတ်ချသည်။ သူတို့၏ငွေကြေးများ...