ရှင်ပေတရုသြဝါဒစာပဌမစောင် ၅
(ဂ) တိုက်တွန်းချက်နှိုးဆော်ချက်နှင့်နှုတ်ဆက်ခြင်း (၅:၁–၁၄) ၅:၁ နောက်ဆုံးအခန်းကို တိုက်တွန်းနှိုးဆော်ခြင်းနှင့် နှုတ်ဆက်ခြင်းဖြင့် အဆုံးသတ်သည်။ ပထမဦးဆုံစကားမှာ သင်းအုပ်များအတွက် ဖြစ်သည်။ ပေတရုက ခရစ်တော်၏ ဆင်းရဲဒုက္ခဝေဒနာ ကိုသိမြင်သော သက်သေထင်ရှားလတံ့ ဘုန်းသရေတော်ကို ဆက်ဆံသောသူ အဖြစ်မိမိကိုယ်မိမိ မိတ်ဆက်ထားပါသည်။ အဘယ်ကြောင့် နှောင်းလူသင်းအုပ်များသို့ တိုင်တည်ပါသနည်း။ သက်သေ တစ်ဦးအနေဖြင့် သိုးထိန်းသည် သိုးများအတွက် အသတ်ခံကြောင်း ပေတရုကိုယ်တိုင်...