ရှင်ယောဟန်သြဝါဒစာဒုတိယစောင် ၁
၁။ တမာန်တော်၏ နှုတ်ဆက်ပဏ္ဍာ ကျေးဇူးတော် ကရုဏာတော်နှင့် ငြိမ်သက်ခြင်း( ၁:၁–၃) ၁:၁ ရှင်ယောဟန်က သူ့ကိုယ်သူ သင်းအုပ်သဖွယ်မိတ်ဆက်ထားသည်။ ထိုလေသံအရ အသင်းတော်တွင် သင်းအုပ် သို့မဟုတ် မိဘဖြစ်နိုင်ဖွယ်ရှိသည်။ ထိုကာလတွင် ရှင်ယောဟန်သည် သခင်ခရစ်တော်၏ နောက်ဆုံးလက်ကျန် တပည့် တော်ဖြစ်သည်။ ဂိုဏ်းအုပ် သို့မဟုတ် စောင့်ရှောက်သူ ဖြစ်တန်သည်။ သို့သော် အဘယ်ရာထူးက အမှန်ဖြစ်သည်ကိုတော့ ပြောစရာမလိုပါ။...