တစ်နေ့တစ်လံ (ဇူလိုင် ၂ရက်)

တစ်နေ့တစ်လံ (ဇူလိုင် ၂ရက်)
/
“ယေရှုက မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌စိုးရိမ်၍၊ နှောင့်ယှက်ခြင်းကိုခံရ၏။ လိုသောအရာတစ်ခုတည်းရှိ၏။ မာရိမူကား၊ ခင် ကောင်းသောအဘို့ကိုရွေးယူပြီ။ ထိုအဘို့ကို အဘယ်သူမျှ မနုတ်မယူရာ။” လုကာ ၁၀၄၂
မာရိသည် ယေရှု၏ခြေတော်ရင်း၌ငြိမ်ဝပ်စွာထိုင်ပြီး ကိုယ်တော်၏စကားကို နားထောင်နေသည်။ မာသသည်အလုပ်များပြီး၊ သူ့ကိုမကူညီခြင်းအတွက် မာရိ အပေါ်စိတ်အလိုမကျဖြစ်နေသည်။ မာသ၏အစေခံခြင်းအပေါ် သခင်ယေရှု မဆုံးမ ခဲ့ပါ။ သို့သော် သူ၏အစေခံခြင်း၌ စိတ်နေသဘောထားအတွက် ဆုံးမခဲ့ပါသည်။
နောက်ပြီး၊ မာသ၏ဦးစားပေးသောအရာများက မှားနေသည်။ အစေခံခြင်းကို ကိုးကွယ်ခြင်း၏အထက်၌ သူမထားသင့်ပါ။
ကျွန်ုပ်တို့အများစုသည်လည်း မာသကဲ့သို့ဖြစ်ကြသည်။ ထိုင်နေခြင်းထက် လုပ်ဆောင်ခြင်းကို ပိုပြီးနှစ်သက်ကြသည်။
ကျွန်ုပ်တို့သည်ကိုယ့်ကိုကိုယ်စီစဉ်နိုင်သူ၊ ထိရောက်သောသူ၊ အလုပ်များကိုပြီးအောင်လုပ်နိုင်သူအဖြစ်ဝါကြွားကြသည်။ ကျွန်ုပ်တို့၏မနက်ခင်းကျမ်းစာဖတ်ခြင်းကိုပင် အနှောင့်အယှက်ဖြစ်လောက်သည် အထိ ထိုနေ့တွင် ပြီးစီးအောင်လုပ်ရမည့်အလုပ်ပေါင်းခြောက်ဆယ်နှင့် အချိန်ကုန် ကြသည်။ ကျွန်ုပ်တို့၏ဆုတောင်းခြင်းသည်လည်း တစ်နေ့တာအစီအစဉ်များကြောင့် ဗရုတ်သုတ်ခဖြစ်သွားသည်။
မာရိကဲ့သို့သောသူများလည်းရှိပါသည်။ သူတို့သည် ချစ်တတ်သောသူများ ဖြစ်ကြသည်။ သူတို့၏အသက်တာမှ သူတပါးအတွက် အကြင်နာ၊ ကရုဏာများယို စီးနေသည်။ သူတို့သည် အိုးခွက်ပန်းကန်များထက် လူကို ပို၍ တန်ဖိုးထားကြသည်။ သူတို့သည် မပျင်းရိကြပါ။ သူတို့၌ မာသနှင့်မတူညီသောဦးစားပေးခြင်းများရှိကြ ခြင်းသာဖြစ်သည်။
ကျွန်ုပ်တို့ကိုယ်တိုင်ပင်လျှင် စိမ်းကားစွာဖြင့် အရည်အချင်းကောင်းကောင်း နှင့်စွမ်း ဆောင်နိုင်သူထက် နွေးထွေးစွာဖြင့်ချစ်ခင်တတ်သောသူများကို ပို၍ နှစ်သက် မြတ်နိုးကြသည်။ ကျွန်ုပ်တို့ကို ဂရုမစိုက်နိုင်လောက်အောင် အရုပ်များနှင့်မအားမလပ်ဖြစ်နေသောကလေးထက် ကျွန်ုပ်တို့ကိုဖက်၍နမ်းရှုံ့သောကလေးက ကျွန်ုပ်တို့၏ နှလုံးသားကို ပို၍ ဖမ်းဆီးထိန်းချုပ်ပါသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏အစေခံခြင်းထက်ကိုးကွယ်ခြင်းကို ပို၍စိတ်ဝင် စားသည်။ ကောင်းကင်သတို့သားသည် သူ၏သတို့သမီးကိုချစ်မြတ်နိုးသည်။
ခရစ်တော်သည် များလွန်းသောအလုပ်လုပ်ရန် ကျွန်ုပ်တို့ကိုမခိုင်းပါ။ သူ၏ခြေရင်း၌ထိုင်ဖို့ အချိန်မရှိခြင်းကိုမလိုချင်ပါ။ စိတ်ရှည်သောသဘောထားဖြင့် မျှော်လင့်ခြင်းကို ပြည့်စုံသောအစေခံခြင်းအဖြစ် သူမှတ်ယူသည်။
မာရိမူကား၊ ကောင်းသောအဘို့ကိုရွေးယူပြီ။ ထိုအဘို့ကို အဘယ်သူမျှ မနုတ်မယူရာ။