Tag: ဇာခရိအနာဂတ္တိကျမ်း

  • ဇာခရိအနာဂတ္တိကျမ်း နိဒါန်း

              “ဇာခရိအနာဂတ္တိကျမ်းသည် မေရှိယသခင်အကြောင်း၊ ခရစ်တော်၏ပထမအကြိမ်ကြွလာခြင်းနှင့် ဒုတိယ အကြိမ်ကြွလာမည့်အကြောင်းအပြင် နောက်ဆုံးအနှစ်တထောင် အုပ်စိုးခြင်းကာလတွင် ဣသရေလလူမျိုးတို့အား ပြန်လည်စုစည်းမည့်အကြောင်း မြင်ကွင်းကျယ်ကို အထူးပရောဖက်ပြု လှစ်ဟဖော်ပြရာ၌ ခရစ်ယာန်များအတွက် အတုမရှိ အဖိုးထိုက်တန်သော အနာဂတ္တိကျမ်းဖြစ်သည်။”  Merrill F. Unger ၁။ စံတော်မီဝိသေသလက္ခဏာ           ကမ္ဘာဦးကျမ်း၊ ဆာလံသီချင်းနှင့် ဟေရှာယအနာဂတ္တိကျမ်းတို့သည် ပါဝင်သောအကြောင်းအရာ ကျယ်ပြန့်ခြင်း၊ အရေးပါခြင်းတို့ကြောင့် ဓမ္မသစ်ကျမ်းတွင်...

  • ဇာခရိအနာဂတ္တိကျမ်း ၁

    ၁။ နောင်တရ၍ နာခံခြင်းရှိဖို့ တိုက်တွန်းခြင်း၊ ဘိုးဘွားများ၏အမှားများကို သင်ခန်းစာယူတတ်ဖို့ သတိပေးခြင်း (၁:၁–၆) ပထမပိုင်းအပိုဒ်ငယ် (၆)ခုသည် ဗေရခိ၏သား ဇာခရိဖြစ်ကြောင်း မိတ်ဆက်ကဏ္ဍဖြစ်သည်။ ယုဒလူများ အား ဘုရားသခင်ထံတော်သို့ ပြန်လည်ခေါ်ဆောင်ဖို့ ဘုရားသခင်က ရွေးနှုတ်ခန့်ထားသူဖြစ်သည်။ အပိုဒ်ငယ် ၃ခုသည် ဤကျမ်းစာ၏ အဓိကသော့ချက်ဖြစ်သည်။ “ထာဝရဘုရားမိန့်တော်ရှိသည်မှာ ငါထံသို့ပြန်လာကြလော့ …ငါသည်လည်း သင်တို့ရှိရာသို့ ပြန်လာမည်“ဟု မိန့်တော်မူသည်။ ယုဒဘိုးဘေးများသည်...

  • ဇာခရိအနာဂတ္တိကျမ်း ၂

    (ဂ) ပေကြိုးကိုင်ဆောင်သူတစ်ဦး (အခန်း၂)           အဓိပ္ပါယ်-အနာဂတ်တွင် ယေရုရှလင်မြို့၏ ကြွယ်ဝချမ်းသာမှု၊ လူဦးရေစည်ကားသိုက်မြိုက်မှုနှင့် လုံခြုံမှု အကြောင်းဖြစ်သည်။ ၂:၁–၅ တတိယရူပါရုံမှာ ပေကြိုးကိုင်ဆောင်လာသူ တစ်ဦးဖြစ်သည်။ ပရောဖက်ဇာခရိက အဘယ်သွား မည်လဲဟု မေးသောအခါ အသစ်ပြန်တည်ဆောက်မည့်ယေရုရှလင်မြို့အဖို့ အလျားအနံကို သွားရောက်တိုင်းတာ မည့်အကြောင်း ပြောပြသည်။ ထိုစဉ်တွင် ဘုရားသခင်၏ကောင်းကင်တမန်က (အခြားကောင်းကင်တမန် ဇာခရိ သို့မဟုတ် ပေကြိုးကိုင်လုလင်လည်းဖြစ်နိုင်သည်)အား ယေရုရှလင်မြို့သည်...