တောလည်ရာကျမ်း ၂၇
(ဂ) သမီးများ အမွေခံစားခွင့် (၂၇:၁–၁၁) ၂၇:၁–၁၁ မနာရှေအမျိုး ဇလောဖဒ်၏သမီး ငါးယောက် မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာ တို့သည် မောရှေထံသို့ လာ၍ ခါနန်မြေတွင် မြေယာခွဲတမ်းရှိကြရန် တောင်းဆိုကြသည်။ သူတို့သည် မိန်းမသားများဖြစ်ကြသော်လည်း သူတို့အမျိုးတွင် ယောက်ျားသားများ မကျန် ကွယ်လွန်ကြသောကြောင့် ကောရ မျိုးနွယ်စုခွဲတမ်းတောင်းဆိုခြင်းဖြစ်သည်။ ဘုရားသခင်ကလည်း ဖခင်၏ဝေစုခံယူခွင့်...