ဗျာဒိတ်ကျမ်း ၁၁
(ဆ) သက်သေခံနှစ်ခု (၁၁:၁–၁၄) ၁၁:၁–၂ တဖန် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းတာရန်နှင့် ဝတ်ပြုကိုးကွယ်သူများအား ရေတွက်ရန် အမိန့်ပေးထားပါသည်။ ဤတိုင်းတာခြင်းဆိုသည်မှာ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ခိုင်းခြင်းဖြစ်သည်။ သူသည် တပါးအမျိုးသားများကို တိုင်းတာရေတွက်ခြင်းမပြု။ အဘယ်ကြောင့်ဆိုသော် ထိုတပါးအမျိုးသားများသည် (၄၂)လုံးလုံး ဗိမာန်တော်ကို နင်းချေကြမည်။ ဘေးဒဏ်ကြီးကာလ၏ နှောင်းပိုင်း (လု ၂၁:၂၄ ကိုကြည့်) ဖြစ်သည်။ ဗိမာန်တော်ဆိုသည်မှာ ဘေးဒဏ်ကြီးကာလတွင်...