Tag: ဗျာဒိတ်ကျမ်း

  • ဗျာဒိတ်ကျမ်း ၁၄

    ၁၄:၁ ဇိအုန်တောင်ပေါ်တွင် တစ်သိန်းလေးသောင်း လေးထောင် နောက်လိုက်နောက်ပါ အခြွေအရံများနှင့် သိုးသူငယ် ရပ်နေကြောင်းတွေ့ရသည်။ နဖူးပေါ်တွင် ခမည်းတော်၏ နာမနှင့်သူ၏ နာမတံဆိပ် ခတ်နှိပ်ထားကြသည်။ သခင်ယေရှု လူ့လောကသို့ ပြန်လည်ကြွလာသောအခါ ဣသရေလ တဆယ့်နှစ်မျိုးမှ ယုံကြည်သူများနှင့်အတူ ယေရုရှလင်မြို့၌ ကြွလာမည်အကြောင်း အတိတ်စိမ်းဖြစ်သည်။ တစ်သိန်းလေးသောင်းလေးထောင်သည် အခန်း ၇မှ ပမာဏနှင့် အတူတူဖြစ်သည်။ ယခု ခရစ်တော်၏ နိုင်ငံတော်ထဲသို့...

  • ဗျာဒိတ်ကျမ်း ၁၅

    ၁၅:၁ အခြားကောင်းကင် နိမိတ်လက္ခဏာမှာ ရောဂါဆိုးဘေးဒဏ်ယူဆောင်လာသော ကောင်းကင်တမန်ခုနှစ်ပါး ပေါ်ထွန်းလာခြင်းဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသပြည့်စုံရာဖြစ်၍ ဘေးဒဏ်ကြီးကာလ ပြီးဆုံးတော့မည့် နိမိတ်ဖြစ်သည်။           ၁၅:၂ မီးနှင့် ဖန်ရောထားသော​ ကောင်းကင်ရေကန်တွင် လူအုပ်ကြီးရပ်နေကြောင်း တွေ့ရပြန်သည်။ ထိုသူများသည် သားရဲကိုးကွယ်ရန် ငြင်းပယ်ကြသူများ ဖြစ်ကြောင်း မှတ်မိသည်။ မာတုရ အသေခံသူများဖြစ်သည်မှာ သံသယရှိစရာမလို။           ၁၅:၃–၄ ကောင်းကင်နိုင်ငံတွင် ရောက်ရှိနေကြသော်လည်း...

  • ဗျာဒိတ်ကျမ်း ၁၆

    (ဋ) အပြစ်စီရင်ရာ ရွှေဖလားတော် ခုနှစ်လုံး (အခန်း ၁၆)           ၁၆:၁–၂ ထိုကောင်းကင်တမန်ခုနှစ်ပါးအား ဘုရားသခင်၏ အမျက်ဒေါသ ရွှေဖလားများကို  မြေကြီးပေါ်သို့ သွန်ချရန် ဗိမာန်တော်ထဲက အသံထွက်လာသည်။ ထိုအပြစ်စီရင်ခြင်းသည် တံပိုးမှုတ် တရားစီရင်ခြင်းနှင့် ဆင်တူရိုးမှား ဖြစ်သော်လည်း ထို့ထက်ပိုကြီးသည်။ ပထမဖလားကို သွန်းလောင်းပစ်ရာ သားရဲကိုးကွယ်သူများ၏ ခန္ဓာကိုယ်၌ အလွန်ဆိုးသော အနာစိမ်းများ ပေါက်၏။ ၁၆:၃...