Tag: ယေဇကျေလအနာဂတ္တိကျမ်း

  • ယေဇကျေလအနာဂတ္တိကျမ်း ၃၆

    (ဃ) လူများနှင့် လယ်ယာမြေ ပြန်လည်ထူထောင်ခြင်း (အခန်း ၃၆) အခန်းငယ် ၂၅:၃၀ကို ကြည့်၍ အခန်း(၃၆)ကို “ယေဇကျေလဧဝံဂေလိသတင်းကောင်း”ဟု ကျမ်းဂန်ပညာရှင်များက တင်စားကြသည်။ ၃၆:၁−၇ ဘုရားသခင်၏ လူမျိုးတော်ကို နှိပ်စက်၍ အိုးအိမ်လယ်ယာမြေများကို သိမ်းဆည်းကြသော လူမျိုးများအား ဘုရားသခင်က အရေးယူအပြစ်ပေးပါသည်။ ထိုလူမျိုးများအနက် ဧဒုံလူမျိုးကို ယေဟောဝါ ဘုရားက သီးသန့်တရားစီရင်မည်။ ၃၆:၈−၁၅ ဣသရေလ ရေမြေတောတောင်နှင့်...

  • ယေဇကျေလအနာဂတ္တိကျမ်း ၃၇

    (င) အရိုးခြောက်များစုပုံရာချိုင့်ဝှမ်းမြင်မက်ခြင်း (၃၇:၁−၁၄) ၃၇:၁−၈ အပိုဒ်ငယ် ၁−၂၌ ယေဇကျေလသည် ချိုင့်ဝှမ်းထဲ၌ ဣသရေလနှင့် အရိုးခြောက်ပုံကြီးရူပါရုံကို တွေ့မြင်ရသည်။ ထိုအရိုးခြောက်များ ပြန်လည်အသက်ရှင်လာဖို့ အမိန့်ပေးသည်။ ယနေ့ကာလ ယုံကြည်သူများ လိုအပ်သော အသက်ရှူရှိုက်ခြင်းနှင့် စပ်ဟပ်အောင် Yates က ဤသို့ရှင်းပြသည်။ ကြောက်ရွံ့ဖွယ်ကောင်း၍ စိတ်ကူးယဉ်လည်းဆန်၊ ဧကန်ဖြစ်ရပ်မှန်လည်းဖြစ်သော ယေဇကျေလ၏ပရောဖက်ပြုချက်သည် ဣသရေလတို့အား ဆက်လက်အသက်ရှင်ရန် မျှော်လင့်ချက်ပေးသည်။ ပြန်လည်ရှင်သန်သာလာကြမည်။...

  • ယေဇကျေလအနာဂတ္တိကျမ်း ၃၈

    (ဆ) ဣသရေလ၏ အနာဂတ်ရန်သူများပျက်စီးမည့်အကြောင်း (အခန်း ၃၈၊၃၉) ၃၈:၁−၁၆ ဘုရားသခင်သည် ဂေါဂနှင့် မဟာမိတ်များကိုစုစည်းသွေးဆောင်ပြီး ခေါ်လာမည်(ငယ်  ၁-၆)။ ဂေါဂသည် ရောရှပြည်၃၆၊ မေရှက်ပြည်၊ ကုဗလပြည်တို့၏ အရှင်သခင်ဖြစ်သည်။ အချို့က ရုရှားပြည် မော်စကိုနှင့် တိုဘော့လ်တို့၏ ရှေးဟောင်းအမည်နာမအခေါ် ဖြစ်သည်ဟု ဆိုလိုသည်။ ဖြစ်နိုင်ဖွယ်ရှိသော်လည်းအထောက်အထားမခိုင်မာပါ။ သူတို့သည် ဣသရေလကိုဖြတ်လျက် တောင်ဘက်အရပ်သို့ ရွှေ့လျားသွားကြမည်။ ယုဒမြို့ရွာများသည် ခြံစည်းရိုးမရှိသော်လည်...