သုတ္တံကျမ်း နိဒါန်း
“ဤကျမ်းသည် စာပန်းချီ မဟုတ်သကဲ့သို့ လူ့အပြုအမူ အဘိဓါန်လည်း မဟုတ်ပါ။ ဘဝ အောင်မြင်ရေး သော့ချက် ဖြစ်သည်။ နမူနာ ယူစရာအပြုမူ၊ ဉာဏ်ပညာနှင့်မိုက်မဲခြင်း ခွဲခြားပြသသော စံနှုန်း ဖြစ်သည်။” Derek Kidner ၁။ စံတော်မီ ဝိသေသလက္ခဏာ သုတ္တံကျမ်းစာအုပ်သည် ယနေ့ခေတ်သစ်ကာလ တိုင်အောင် လက်မလွတ်နိုင်သော၊ မရိုးနိုင်သေးသော ခေတ်မီစာအုပ်ဖြစ်၏။ လူ့ဘဝအသက်တာအသီးသီးတွင် ကြုံတွေ့ရင်ဆိုင်နေရသော ပဟေဠိပြဿနာများကို...